Chapter 71(Uni)

7.9K 785 22
                                    

ဖူ့ရှီဝိန်...ဒါကမင်းရဲ့သားလေးမှတ်လား?





'' အန်ကယ်ကအံ့ဩစရာကောင်းလိုက်တာ "

သူလှိုင်းစီးပြီးနောက်ကမ်းခြေ၌အပန်းဖြေနေစဉ် ကလေးငယ်တစ်ယောက်ပေါ်လာ၏။သူ့အရပ်ကအလွန်မြင့်သောကြောင့်ထိုကောင်လေး၏အရပ်က သူ့ခါးလောက်သာရှိနေ၏။

နူးညံ့သိမ်မွေ့ကာချောမွေ့ပုံပေါ်သောမျက်နှာက နေရောင်ထိထားသည့်အတွက်ကြောင့်နီရဲနေသော်လည်းထိုကောင်လေးကမူ ယင်းအားဂရုစိုက်ပုံမပေါ်။

လင်ကျီတောက်ကသူ့ထံ မျက်နှာသုတ်ပုဝါကမ်းပေးလိုက်ပြီးနောက် ထိုကောင်လေးကိုမကြည့်တော့ပေ။

" ကလေးတွေက ဘယ်ကပါလာတာလဲ "

ဤနေရာကသီးသန့်ကမ်းခြေတစ်ခုဖြစ်ကာ ရေကအတော်လေးကြည်လင်ပြီး ကမ်းပေါ်တွင်လည်း ခရုခွံနှင့်သဘာဝအလျောက်လှပသည့်ကျောက်တုံးများလည်းရှိနေသေး၏။

အနီးနား၌ရိုက်ကူးရေးလုပ်နေသော ပရိုဂရမ်အဖွဲ့မှလွဲ၍အခြားသောလူများသိပ်မရှိတာကြောင့်ထိုကလေးကမည်သည့်နေရာမှလာခဲ့သည်ကိုသူမသိပါ။

လင်ကျီတောက်သည်ထိုကလေးအားသေချာကြည့်လိုက်ပြီးနောက် ရုတ်တရက်ထိတ်လန့်သွားရ၏။

ကလေး၏လှပချောမွတ်နေသည့်မျက်နှာအသွင်အပြင်က ဖူ့ရှီဝိန် ငယ်စဉ်ကပုံသဏ္ဍာန်နှင့်အလွန်ဆင်တူနေ၏။လင်ကျီတောက်က ငယ်ရွယ်စဉ်ကလေးဘဝကတည်းကပင် ဖူ့ရှီဝိန် နှင့်အတူတူကစားခဲ့ရရာ ထိုသူ၏ထူးထူးခြားခြားပုံပန်းသဏ္ဍာန်အားမှတ်မိနေခြင်းဖြစ်၏။သူမျက်ပြူးဆန်ပြူးဖြစ်လျက် စူးရှသောအသံဖြင့် ယ
" ဖူ့ရှီဝိန် ...ဒါကမင်းရဲ့သား မှတ်လား "

'' 滚 '' '' လှိမ့်လိုက်တော့/သွားလိုက်တော့ "

ဖူ့ရှီဝိန်က ပေါ့ပေါ့ပါးပါးဆို၏။

သူမျက်နှာသုတ်ပုဝါကိုယူလိုက်ပြီးနောက် ဆံပင်ကိုသေသေချာချာသုတ်လိုက်သည်။ကောင်လေးအားတစ်ဖန်ပြန်ကြည့်လိုက်တော့လည်းတစ်နေရာရာ၌အနည်းငယ်မြင်ဖူးကာရင်းနှီးနေသယောင်...

ကျီ့ရွှမ်ရွှမ်ကသူ၏ကြယ်ပွင့်လေးလိုတောက်ပနေသည့်မျက်လုံးလေးကိုမှိတ်တုတ်မှိတ်တုတ်နှင့်ပုတ်ခတ်လိုက်ရင်း
" အန်ကယ်...သားကိုမမှတ်မိဘူးလား...ဟိုတစ်ခေါက်က ကစားကွင်းမှာအန်ကယ်က သားကို ကူညီပေးခဲ့ဖူးတယ်လေ "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now