Chapter 63(လင်းယွီမရှိတော့ဘူး)

13.1K 1.1K 200
                                    

Chapter 63.လင်းယွီမရှိတော့ဘူး

တောင်ပေါ်ရှိနေထွက်ချိန်လေးကအမှန်တစ်ကယ်ကိုလှပကာမျက်လုံးပင်မလွှဲချင်လောက်သည်အထိ..

တောင်ပေါ်တောင်တန်းများမှတဖြည်းဖြည်းနှင့်များပြားလာသောမြူမှုန်များကဆက်တိုက်ဆိုသလိုထူထည်းသိပ်သည်းလာပြီးတိမ်စိုင်တိမ်ထုများကလည်းပင်လယ်ပြင်ကြီးလှိုင်းထန်နေသကဲ့သို့ပင်....
ထိုအရာများအားလုံးကရွှေရောင်နေလုံးကြီးမပေါ်လာခင်အချိန်ထိမိုင်ပေါင်းထောင်ချီသို့ပြန့်နှံ့ကုန်၏

နံနက်ခင်းလေပြည်လေးဖြစ်၍အနည်းငယ်အေးသော်လည်းအထူးလန်းဆန်းနေပါသည်

" အားယွီ..မင်းကြိုက်လား...မင်းကြိုက်ရင်ကိုယ်တို့နောင်ကျရင်လာကစားကြမယ်..နော် "

အဝေးမှနေလုံးကြီးတဖြည်းဖြည်းထွက်လာသည်ကိုသူအဝေးမှလှမ်းမြင်နေရသည့်တိုင်သူ့မျက်လုံးများကတော့ဗလာကျင်းနေဆဲပင်...

ဖူ့ရှီဝိန်က လင်းယွီကိုကြည့်ရင်းနှင့်ပင်သူ၏နက်မှောင်နေသောမျက်လုံးများမှနာကျင်မှုအရိပ်အယောင်များပေါ်လာရပြီးသည်းမခံနိုင်တော့သည့်အဆုံးတွင်တော့
" အားယွီ...ကိုယ်မှားသွားပါတယ်...ဟုတ်ပြီလား...ကိုယ့်ကိုတစ်ခုခုပြောပေးလို့မရဘူးလား "

" ကျေးဇူးပြုပြီး "

" မင်းကိုယ့်ကိုကြိုက်သလောက်ရိုက်ပစ်နိုင်တယ်..
ဒါပေမယ့်...ဒါပေမယ့်ဒီလိုတော့လျစ်လျူမရှုထားပါနဲ့လား..ဟင်..ဒီလိုတော့မလုပ်ပါနဲ့..ကျေးဇူးပြုပြီး..."

လင်းယွီ၏မျက်နှာပေါ်မှထွေထွေထူးထူးတစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ*လမ်းလျှောက်နေသောလူသေကောင်*ကဲ့သို့ထုံထိုင်းနေပါ၏
(* သူ့အဓိပ္ပါယ်ကမျက်နှာကြောသေနေတာမျိုးပါ )

လင်းယွီ၏ထိုကဲ့သို့သောပုံစံကိုကြည့်လိုက်တိုင်းဖူ့ရှီဝိန်၏နှလုံးသားအားတစ်စုံတစ်ခုကဖြစ်ညစ်ထားသကဲ့သို့တင်းကျစ်လာရပေသည်

ယခင်ကကြည်လင်တောက်ပနေသောမျက်လုံးလေးများနှင့်တက်ကြွဖြူစင်နေသောနှလုံးသားအစားဝိညာဉ်ပျောက်ဆုံးသွားသောခန္ဓာကိုယ်တစ်ခုကဲ့သို့မှုံမှိုင်းမွဲခြောက်မှုများကအပြည့်...

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora