chapter 9+10 ( Unicode )

8.2K 895 25
                                    

Chapter 9.ပူလောင်နေသော

လင်းယွီသည်နံနက်ခြောက်နာရီခွဲသည်နှင့်နိုးလာတတ်ပြီး
စောစောထလေ့လည်းရှိပေသည်
သူ့ခန္ဓာကိုယ်ကအနည်းငယ်နာကျင်နေသေးသော်လည်းအားတင်းကာထလိုက်ပြီးသန့်ရှင်းရေးလုပ်ကာဖူရှီဝီန်အတွက်မနက်စာချက်ရန်မီးဖိုချောင်သို့သွားလိုက်သည်

ယမန်ညကဖူ့ရှီဝန်စိတ်ဆိုးနေသည်ကိုသူကောင်းကောင်းခံစားနိုင်ခဲ့သည်...အရင်တစ်ခါတွေတုန်းကတော့သူ၏ခင်ပွန်းဖြစ်သူကအရက်မူးကာသူ့အားပွေ့ဖက်လျှင်တောင်
အပြုအမူတစ်ခုချင်းစီတိုင်းကနူးညံ့သိမ်မွေ့ပြီး
ညနက်သန်းခေါင်ရောက်သည့်တိုင်သူ့ခန္ဓာကိုယ်အား
ဆေးကြောသန့်စင်ပေးတတ်သည်

သို့ရာတွင်လွန်ခဲ့သည့်ညကတော့ထိုသို့မဟုတ်ခဲ့ပါ

လင်းယွီသည်နံနက်စာအတွက်နေ့စဉ်လုပ်နေကျဖြစ်သည့်
ပဲနို့နှင့်ပေါင်မုန့်ကြက်ဉကြော်များကိုလုပ်ထားပေးခဲ့သည်...
သူနံနက်စာကိုစားပွဲပေါ်တင်လိုက်ပြီးနောက်နာရီအားလှမ်း
ကြည့်လိုက်ရာ ၈နာရီပင်ထိုးနေပြီဖြစ်သည်

ဖူ့ရှီဝိန်သည်ပုံမှန်အားဖြင့်ဤအချိန်တွင်အိပ်ရာထနေပြီးဖြစ်သော်လည်းယနေ့တွင်မူအိပ်ခန်းထဲမှမည်သည့်လှုပ်ရှားမှုကိုမျှမတွေ့ရပေ
ယမန်ညကအားစိုက်ထုတ်လိုက်ရသောကြောင့်ပင်ပန်းနေခြင်းဖြစ်ရမည်ဟုတွေးလိုက်ရာသူ၏မျက်နှာကအနည်းငယ်နီရဲသွားရသည်

" ရှန်းရှိန်း....ထလို့ရပြီ "

လင်းယွီပြောရင်းနှင့်ပင်အိမ်ခန်းတံခါးကိုတွန်းဖွင့်လိုက်ရာ ဖူ့ရှီဝိန်သည်ကုတင်ပေါ်၌ရှိမနေသည်ကိုတွေ့လိုက်ရသည်

နူးညံ့သောလေညှင်းလေးတစ်ချက်ကြောင့်ခန်းဆီးလေးက
လှုပ်ခါသွားသည်
လင်းယွီ လသာဆောင်ဘက်ကိုကြည့်လိုက်သည်

ဖူ့ရှီဝိန်သည်အလွန်ခက်ခဲသောပြဿနာတစ်ရပ်ကိုရင်ဆိုင်နေရဟန်နှင့်မျက်လုံးမျာကိုမှေးစဉ်းပြီးမျက်ခုံးများကိုတွန့်ချိုးထားကာသူ၏လက်ချောင်းသွယ်များကြားတွင်လည်း
စီးကရက်တစ်လိပ်ကိုညှပ်ထားသည်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now