[ဖတ်ချင်ကြမယ်ထင်လို့ပြန်တင်ပေးပါမယ် တစ်ရက်ခြားတစ်ပိုင်းပါပဲ ပထမဆုံးအရေးသားလေးဖြစ်ဝာာကြောင့်လိုအပ်ချက်များတွက်မျက်နှာပူစွာပဲအားနာမိပါတယ်]
Chapter 1
လှပတဲ့ကောင်းကင်ပြာကြီးရဲ့အောက်ဝယ် ကောင်လေးတစ်ယောက်အပြာရောင်ဖန်အိုးလေးကိုရင်ဝယ်ပိုက်ကာမြက်ခင်းစိမ်းပေါ်တွင်ထိုကောင်းကင်ကြီးကိုမော့ကြည့်လို့နေသည်။
"မိုးသားလေးတွေကဘာလို့ဒီနေ့မှပိုလှနေတာလဲမသိဘူး သက်တန့်လေးတွေတောင်ပေါ်နေလိုက်သေး"
တစ်ဦးတည်းရေရွတ်ကာပြောဆိုသောထိုကောင်လေးမှာတစ်ခြားသူတော့မဟုတ် ရှိန်းနေမင်းခဆိုတဲ့ မိုးသားညိုရဲ့ရင်နှစ်သည်းချာလေးဆိုသူဖြစ်သည်။
"အင်း...." ဟူ၍သက်ပြင်းအရှည်ကြီးတစ်ခုချလိုက်မိသည်။
"မင်းကတော့သွားလေနှင့်ပြီဆိုတော့ကျန်ရစ်ခဲ့တဲ့ကိုယ်ကကော?ဘယ်လိုစိတ်မျိုးနဲ့ထပ်ပြီးအသက်ရှင်နိုင်မှာလဲ မင်းကိုလွမ်းတယ်~မင်းသာကိုယ်နဲ့စောစောတွေ့ခဲ့ရင်ဘယ်လောက်ကောင်းမလဲနော်မင်းအတွက်အဖိုးတန်ခဲ့တဲ့၁နှစ်ဆိုတဲ့အချိန်ကလေးမှာ ဘာကြောင့်များကိုယ့်လို့လူတစ်ယောက်အတွက် ၂လကြီးများတောင်အချိန်ဖြုန်းခဲ့ရတာလဲ မင်းသိလား ကိုယ်မင်းကိုချစ်တာထက်ပိုချစ်တယ်ဆိုတာ"
မျက်ရည်များစိုနင့်ပါသော်ငြားချစ်သောသူလေးကောင်းကင်ပေါ်ကနေမြင်ရင်စိတ်မကောင်းဖြစ်မည်ဆိုး၍သူမငိုခဲ့ပါ။တစ်မျိုးအနေနဲ့သူနောင်လည်းငိုဖို့အားမရှိတော့သည်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။သူ့(ရှိန်း)အနားသို့ မေပန်းချီဆိုတဲ့ကောင်မလေးကလာကာရှိန်းရဲ့ပုခုံးကိုဖက်ပြီးနောက်ဆိုလာသည်က
"ရှိန်း..နင်ဒီလိုဆက်နေလို့မရတော့ဘူးဆိုတာသိတယ်မလား ရန်ကုန်ပြန်လိုက်ခဲ့ပါတော့ဟာနင်ဒီတိုင်းဆက်နေရင် မိုးသားကကြိုက်မှာမဟုတ်ဘူးသူချစ်တဲ့နင့်ကိုအမြဲ လူနာတွေကြားမှာပျော်ရွှင်စေချင်ဝာာလေ အခုနင်ကဒီလိုလုပ်နေရင်သူစိတ်ကောင်းမှာမဟုတ်ဘူး ရန်ကုန်ပြန်လိုက်ခဲ့ပါနော်"