ဒီဇင်ဘာ(၁၀)ရက်နေ့မနက်ခင်းလေးမှာ ပျော်ရွှင်စွာကောင်လေးတစ်ယောက်နိုးထလာခဲ့သည်။သူ့ဘေးက ချစ်ရသူလေးကတော့မရှိတော့ပါ။ သို့ပေမယ့် ကုတင်ဘေးတွင်
နွားနို့နဲ့ပါမုန့်မီးကင်စတော်ဘယ်ရီယိုသုပ်လေးနှစ်ချပ်ကိုဘေး၌ထားပေးခဲ့သည်။"ညီနိုးနေပြီလား မောနင်း ညကလည်းဘာမှမစားပဲအိပ်လိုက်တာဆိုတော့ညီဗိုက်ဆာနေမှာပေါ့စားလိုက်နော် ပြီးရင်ဆေးသောက် ပြီးတာနဲ့အပြင်ထွက်လည်ကြမယ်ဟုတ်ပြီလား"
မိုးသားကပါးချိုင့်လေးပေါ်အောင်ရယ်လိုက်မိသည်။
"အကို လည်းအဖိုးအိုပေါက်စနဲ့တောင်တူလာပြီနော် ကျွန်တော်ကလေးမဟုတ်တော့ပါဘူး"
"ကလေးမဟုတ်လို့ပေါ့ကလေးသာဆိုရင် ရင်ဝယ်ထဲမှာသာပိုက်လိုက်ချင်တာဟုတ်ပြီလား"
နဖူးလေးကိုခေါက်ပြီး နောက်ရှိန်းကအပြင်ထွက်သွားသည်။
"အကိုပြန်လာခဲ့မယ် ညီအတွက် စတော်ဘယ်ရီအသီးသွားခူးလိုက်အုံးမယ်"
"အင်း"
ရှိန်းကအပြင်သို့ထွက်သွားပြီးနောက်မိုးသားက ရေချိုးခန်းထဲဝင်လိုက်သည်။ဘီးဖီးနေတဲ့အချိန်၌ဘီးတွင် ဆံပင်များစွာ စတင်ကျွတ်လာတော့သည်။ဒါမိုးသားအတွက်မထူးဆန်းတော့ဆေးရုံမှာကတည်းကနည်းနည်းချင်းစီကျွတ်နေခဲ့တာလေအခုတောင်ကြီးရောက်မှ အုံလိုက်ကြီးကျွတ်နေပြန်သည်။
မိုးသားအော်ငိုချင်မိသွားပါသည်။သူအကိုနဲ့အပြင်ကိုသွားရင်သူဂတုံးကြီးနဲ့ဆိုလိုက်ဖက်မည်မဟုတ်တော့ဘူးလေဒီအတွက်ကြောင့်သူငိုမိပါသည်။
"ကြည့်ရတာငါနေဖို့အချိန်သိပ်မရှိတော့ဘူးနဲ့တူတယ်"
ရေချိုးခန်းတံခါးကိုလော့မချထားတာကြောင့်စတော်ဘယ်ရီအသီးပန်းကန်လေးကိုပိုက်လျက် ချစ်ရသူဆံပင်စကျွတ်ပြီး ခံစားနေရတာကိုမြင်လိုက်ရသည့်အတွက် ရှိန်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ သူပါ ဂတုံး တုံးမယ်ဆိုပြီးပေါ့~
"ညီရယ် ရေချိုးခန်းထဲမှာကြာလိုက်တာဘာလုပ်နေတာလဲ"
"ဒီလိုပဲလေ အပြင်ထွက်လည်မှာဆိုတော့ကျွန်တော်ချောနေမှဖြစ်မယ် ဒါမှအကို သိက္ခာမကျမှာ"