အေးမြတဲ့တောင်ကြီးမြို့ရဲ့နံနက်ခင်းလေးမှာကောင်လေးတစ်ယောက်နိုးထလာခဲ့သည်။ဒီနေက Christmas နေ့ဆိုပေမယ့် မိုးသားညိုနှင့်ရှိန်းနေမင်းခတို့ရဲ့ ၃နှစ်ပြည့် Anniversary လည်းဖြစ်ပေသည်။
ထို့ကြောင့်မိုးသားပျော်မိသလိုစိတ်လည်းလှုပ်ရှားနေမိပါသည်။သူချစ်ရတဲ့အကိုအပေါ်(၆)နှစ်တာကြိုက်ခဲ့တာကိုဒီနေ့သူပြောတော့မည်လည်းဖြစ်သည်။
ပြတင်းပေါက်လေးအနားမှမတ်တပ်ရပ်ပြီးအပြင်ကိုကြည့်နေတဲ့ကောင်လေးအနားသို့ရှိန်းကသွားလျက်ပင်သိုင်းဖက်လိုက်သည်။
"မောနင်းပါညီ.....ပြီးတော့ Happy 6 Year Anniversary ပါနော်"
ရှိန်းကပြောပြီးနောက်မိုးသားရဲ့ပါးလေးကိုနမ်းလိုက်သည်။
"Darling က(၆) နှစ်ကိုဘယ်လိုလုပ်ပြီး...."
"ညီမေ့နေတာလား ရှိန်းနေမင်းခဆိုတာ မိုးသားညိုနဲ့ပက်သတ်တာမှန်သမျှအကုန်သိတယ်လေ"
မိုးသားညိုကြောင်နေလျက်သားနှင့်ပင် ရှိန်းကိုကြည့်နေမိသည်။ ဒါဟာလုံးဝကိုမထင်မှတ်ထားတဲ့အရာတစ်ခုပင်။မိုးသားတွေးနေမိသည်မှာ သူချစ်ရတဲ့အကို ဘယ်အချိန်ကတည်းကသိနေတယ်ဆိုတာကိုပင်ဖြစ်သည်။
"ကိုယ့်ရဲ့ညီက ကိုယ်ဘယ်ချိန်ကတည်းကသိလဲဆိုတာကိုစိတ်ဝင်စားနေတယ်မလား"
မိုးသားခေါင်းပဲညိမ့်လျက်
"ဘယ်တုန်းကသိလဲဆိုရင် စာအုပ်ဆိုင်မှာလေကိုယ်စာဖတ်တိုင်းကိုယ့်နားမှာတဝဲဝဲလည်လည်နေတာကနေသိတာ ကိုယ်မသိအောင်အဲ့လောက်မအပါဘူး"
" Darling စိတ်ဆိုးလား......?"
"ကိုယ်ကညီနဲ့ပက်သတ်တာမှန်သမျှအရာရာကိုခွင့်လွှတ်ပြီးသား"
"Darlingကိုကျွန်တော်အရမ်းချစ်တယ်သိလား နောင်ဘဝကျရင်တော့Darlingအလိုကိုဖြည့်ဆည်းပေးနိုင်မယ့်သူတစ်ယောက်ဖြစ်ချင်တယ်"
"အခုလည်းညီကကိုယ်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတာပဲလေ အဲ့တော့ဘာကိုမှတွေးမပူတော့နဲ့"
"ချစ်တယ်Darlingပြောမပြတတ်လောက်အောင်ကိုချစ်တယ် ....."
"ကိုယ်က မိုးသားညိုဆိုတဲ့ ကောင်လေးကို ချစ်တယ် ဖွင့်မပြောပြတတ်လောက်အောင်ကိုချစ်တာသိပြီလား"