Chapter (2)
လှပတဲ့နေ့ရက်လေးတစ်ရက်ကုန်ဆုံးသွားပြီးနောက်ရက်တွင် တစ်ယောက်သောသူလေးကတော့ပန်းချီကိုကြည့်ပြီးရီချင်နေလေရဲ့........
"ပန်းချီ နင်ဘာဖြစ်နေတာလဲ ငါမျက်စိနောက်လာပြီ"
မေပန်းချီဆိုသည်မှာသူ့မောင်တော်အတွက် အဝတ်အစားထုတ်ရွေးပေးနေတာအခန်းထဲတွင်လည်းဘေထုပ်လိုမျိုးပြန့်ကျဲနေလေရဲ့ သူမေးချင်မိပါသည်။ "ငါဆေးရုံသွားမှာကြင်ယာဖက်တွေ့မှာမဟုတ်ဘူး"ဆိုပြီးတော့ပေါ့ဒါပေမယ့်လည်းသူမပြောနိုင်ပါ။
နောက်ဆုံးပန်းချီတစ်ယောက်ပြုံးပျော်ပြီး သူလိုချင်တာတွေခဲ့ပြီလေအဲ့နောက်မှာတော့ အပြာရောင် Hoodie လေးနဲ့ဘောင်းဘီမိုးပြာရောင်လေးကိုသူမတွေ့ခဲ့ပြီးနောက်မောင်ဖြစ်သူကိုလှမ်းပေးလိုက်သည်။
"ပန်းချီရယ်နင်ရှာတာဒါများ ငါကိုပြောပါလာငါဗီရိုထဲဘာရှိလဲငါသိတာပေါ့"
"လျှာရှည်လိုက်တာဟယ်သွားဒါသွားဝတ်ပြီးရင်သွားမယ် အခုနင်နဲ့ပြပေးမယ့်ဆရာဝန်ကတော်ရုံလူမဟုတ်ဘူးနော်သူက ငယ်ငယ်လေးနဲ့ အင်္ဂလန်မှာဘွဲ့ရခဲ့တာပြီးတော့သူကမြန်မာနိုင်ငံမှာဆိုရင်အတော်ဆုံးဆရာဝန်တစ်ယောက်သူနဲ့ကုခွင့်ရဖို့ကတော်ရုံလွယ်တာမဟုတ်ဘူးနော် ငါမှာနင့်ကိုကုပေးဖို့တော်တော်ကိုပြောထားရတယ်သူကတစ်နေ့မှ ၅ ယောက်လောက်ကုတာ"
သူရှေ့မှစက်ရုပ်မကြီးကတော့တစ်တွတ်တွတ်နဲ့ပြောချင်ရာပြောနေသည်။မထူးဆန်းတော့ပါညကတည်းကထိုဆရာဝန်လေးအကြောင်းပြောပြနေတာအခုဆို ၅၆ ခါလောက်တောင်ရှိပြီ မိုးသားတစ်ယောက်လည်းအလွတ်ပင်ရနေတော့သည်။ပေါက်ပေါက်ကိုကားပေါ်တွင်လည်းဖောက်လာခဲ့တာဆေးရုံရောက်သည်အထိပင်ပေါ့~
Sky Hospital
ဆေးရုံသို့ရောက်သော်မိုးသားကားပေါ်မှဆင်းရန်တွန့်ဆုတ်နေသည်။သူရှင်သန်ချိန်သိပ်မရှိတော့ဘူးဆိုတာကို သိပေမယ့်လည်း သူချစ်ရတဲ့အစ်မတော်ပျော်ရွှင်ဖို့အတွက်သူလာခဲ့ရခြင်းသာဖြစ်သည်။
မိုးသားညိုဆိုသည်မှာငယ်စဉ်ကတည်းကဆေးရုံ/ဆေးခန်း/ဆေးနှင့်ပက်သတ်တာမှန်သမျှကြောက်တတ်သည်။ထိုသည်ကိုဘာလို့များသူ့လိုလူကိုမှသေခြင်းတရားကရွေးချယ်လိုက်ရတာလဲဆိုပြီးပန်းချီတစ်ယောက်စိတ်ထဲတွင်မေးခွန်းထုတ်နေခဲ့သည်။ ပန်းချီက မိုးသားလက်ကလေးကိုဆုပ်ကိုင်၍ ဆေးရုံသို့ဝင်သွားသည်။