ကားပေါ်၌တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ထိုအခါ
မိုးသားကသီချင်းတစ်ပုဒ်ဖွင့်လိုက်မိသည်။"Ali Gatie ရဲ့ It's you "ဆိုတဲ့သီချင်းလေးပင်ဖြစ်သည်။တစ်လမ်းလုံးထိုတစ်ပုဒ်တည်းကိုသာဖွင့်လာခဲ့သည်။ပြီးနောက်ပြတင်းပေါက်အပြင်ဘက်သို့ခေါင်းလေးတေ့ကာ သဘာဝရဲ့အလှတရားနဲ့ဘဘာဝလေ လေးကိုရှုရှိုက်နေမိသည်။သူအပြင်မထွက်တာ ၂လနီးပါးပင်ရှိနေပြီလေ~ဒီလိုနဲ့ တိတ်ဆိတ်ငြိမ်သက်ပြီးလူသူအရောက်နည်းသောပန်းခြံလေးထဲသို့ရောက်လာသည်။သို့ပေမယ့် ပန်းခြံလေးမှာ အလွန်ပင်လှပါသည်။နှင်းဆီဆိုလည်းရောင်စုံဖြင့်လှပစွာတည်ရှိနေပါသည်။မိုးသားညိုတစ်ယောက်ပန်းခြံဘေးပတ်လည်ကိုကြည့်ကာပျော်ရွှင်နေသည်။သူချစ်တဲ့သူနဲ့ပန်းခြံလာရတာကဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲ။ ဟုတ်တယ်မလား~
"မင်းပန်းခြံမရောက်ဖူးဘူးလား"
"ကျွန်တော်က များသောအားဖြင့်အိမ်မှာနေတာများတယ်အလုပ်ရှိရင် အလုပ်နဲ့အိမ်ပဲသွားတာ အချိန်ပိုဆိုတာလည်းမရှိသလောက်ပါပဲပြီးတော့ ကျွန်တော် ဒီကို အကိုနဲ့လာရတာမို့ ပျော်တယ်"
"ဒါနဲ့ငါမင်းကိုမေးစရာရှိတယ် မင်းဖြေနိုင်မလား"
မိုးသားတွေဝေမိသွားသည်။
"အင်း ကျွန်တော်ဖြေနိုင်တာဆိုရင်တော့မေးပါ"
"မင်းငါကိုဘယ်ချိန်တည်းကကြိုက်တာလဲ?ဘာလို့ကြိုက်တာလဲ"
မိုးသားကပါးချိုင့်လေးပေါ်အောင်ရယ်မိသည်။
"အင်းဒါကလေ ကြိုက်တယ်ဆိုတာထက်မြတ်နိုးသွားတာ ဆေးခန်းကိုစစဝင်ဝင်ချင်းမှာ အကို့ ကိုစတွေ့ပြီး
ငြိမ်သက်နေတဲ့ကျွန်ဝောာ့်နှလုံးသားလေးကစတင်ခုန်လာခဲ့တာ ကျွန်တော့်ဘဝမှာမြတ်နိုးတွယ်တာစရာဆိုလို့သိပ်မရှိဘူး အခုတော့ရှိခဲ့ပြီ အကိုဆိုတဲ့လူသားလေးလေ ကျွန်ဝောာ် အကို့ ကို ချစ်တယ်။ ချစ်တယ်ဆိုတာထက်တောင်စာဖွဲ့လို့ရပြီး ပြောလို့ရရင်တောင်ပြောလိုက်ချင်တယ် လူတွေကျွန်တော်ပေါ်ဘယ်လိုမြင်မြင်ကျွန်တော်ခံနိုင်တယ် ဒါပေမယ့် အကိုကျွန်တော့်ကို အမြင်မစောင်းသရွေ့ကတော့ ကျွန်တော်အတွက်ဘာမှမလိုအပ်တော့ဘူး ချစ်တယ်အကို~"