ညနေ နေဝင်ချိန် အချိန်လေးမို့ မိုးသားညိုဆေးရုံထပ်ခိုးပေါ်သို့တက်သွားသည်။ဆေးရုံစတက်ကတည်းကသူမွန်းကြပ်တိုင်းဒီကိုလာလေ့ရှိသည်။တစ်ခါတစ်ရံတစ်ယောက်တည်းနေရတာလည်းများတော့ အထီးကျန်ခြင်းဆိုတာမိုးသားဘဝအတွက်မရှိတော့ဘူး။ခုံတန်းလျားလေးပေါ်တွင် သူ၏ချစ်လှစွာသောအကိုက ဆေးလိပ်ထိုင်ဖွာနေသည်။သူမျက်လုံးကိုတောင်မယုံနိုင်ဖြစ်သွားခဲ့သည်။အကိုရှိရာအနားသို့ဖြေးညှင်းစွာလျှောက်သွားလိုက်မိသည်။ဒီခြေလှမ်းတွေကလည်းအကိုနဲ့တွေ့ပြီးကတည်းကမရပ်တန့်နိုင်တော့ဘူး။
"အကို ဒီအချိန်ကြီးဘာလာလုပ်တာလဲ"
ရှိန်းကဘာမှမပြောထိုင်မြဲတိုင်းသားထိုင်နေ၍ဆေးလိပ်သောက်နေသည်။မိုးသားလည်းဘာဆက်ပြောမှန်းမသိတာနဲ့အကို့ဘေးနားလေးမှာဝင်ထိုင်လိုက်မိသည်။၁၅ မိနစ်လောက်အထိငြိမ်သက်စွာနေထိုင်ပြီးမှ အကိုကစကားတစ်ခွန်းဆိုလာခဲ့သည်။
"မိုးသား ငါနဲ့ တွဲမလား"
ရုတ်တရက်ဆန်လွန်းသောမေးခွန်းကြောင့်မိုးသားကြောင်သွားသည်။ "ကိုယ်"ဆိုတဲ့နာမ်စားလေးကိုအမြဲသုံးတဲ့ အကိုက အခုကျ " ငါနဲ့တွဲမလား" ဆိုတာကမိုးသားအတွက်တော့ထူးဆန်းနေသည်။ရှိန်းကလည်းကြောင်အမ်းနေသောထိုကောင်လေးကိုနောက်တစ်ခါထပ်မေးသည်။
"မိုးသားမင်း မနက်ကပြောတော့ ငါ့ကိုသဘောကျတယ်ဆို ဒီတော့ငါနဲ့တွဲမှာလားမတွဲဘူးလားပြော"
မိုးသားကအမြန်ပြောလိုက်မိသည်။
"တွဲမယ် ကျွန်တော် အကို နဲ့တွဲမယ်"
"ဒါဆိုလည်းပြီးပြီ ညီလည်းဆေးရုံမှာနေရတာပျင်းနေရောပေါ့မနက်ဖြန်ကျရင် အကိုဂျူတီအားတာမို့ အပြင်ထွက်ရအောင်"
မိုးသားပိုပြီးအံဩသွားမိပြန်သည်။သူရှေ့ကချစ်ရပါ သောဒီလူသားလေးကသူကိုချိန်းတွေ့ဖို့ပြောနေတာကိုသူမယုံနိုင်ဖွယ်ဖြစ်နေပြန်သည်။
ရှိန်းကရုတ်တရက်ချောင်းဟန့်လိုက်ပြီးနောက်ထရပ်ကာမိုးသားကိုကြည့်လိုက်သည်။