Chapter (3)
ပန်းချီတစ်ယောက်ကြက်ကြော်များကိုဝယ်ပြီးပြန်လာအခန်းဝ၌သူအမှတ်မထင်ကြားလိုက်ရသည်ကိုတော့အထဲကနှစ်ယောက်ကတော့သိမယ်မဟုတ်ပါ။
ပြီးနောက်အခန်းထဲသို့ဝင်၍ ကျလုနီးမျက်ရည်များကိုထိန်းကာဝင်လာခဲ့သည်။
"နင်မှာထားတာတွေရပြီ"
ရှိန်းကထိုအစားစာများကိုမြင်ပြီး
"ပန်းချီ နင်ဆိုင်ဖွင့်ဖို့များဝယ်လာတာလား?"
ပန်းချီပြန်ဖြေဖို့လုပ်နေစဉ်သူမဆီသို့ဖုန်းလာခဲ့သည်။
ဖုန်းဖြေပြီးနောက်သူမလက်ထဲကအထုတ်များကိုလူနာကုတင်ပေါ်သို့တင်ကာပြေးသွားတော့သည်။မသွားခင်သူပြောခဲ့သည်မှာ"ငါခွဲခန်းဝင်စရာရှိသေးလို့ ငါမောင်လေးကိုလိုက်ပို့ပေးပါ မတ်လေးရေ" တဲ့ ရှိန်းတစ်ယောက်ခရမ်းချဉ်သီးတစ်လုံးလိုပင်နီရဲသွားသည်။
သူဘေး ကြက်ဘိုးဝောာ်လေးကတော့ကုတင်ပေါ်ကသူရဲ့ကြက်ကြော်လေးတွေကိုငေးနေလေရဲ့။ကြက်ဘိုးတော်နားလေးသို့ကပ်သွားပြီးနောက်
"ညီ့ကိုကျွန်တော်ပြန်လိုက်ပို့ပါမယ် မေပန်းချီက အရေးကြီးခွဲခန်းဝင်ရမှာမို့လို့တဲ့"
ကြက်ကြော်ကိုပလုတ်ပလောင်းစားကမပီကလာဖြင့်ရယ်၍
"ပန်းချီ ဘယ်တုန်းကထွက်သွားတာလဲ? ဒါနဲ့ဒေါက်တာကျွန်တော်ကိုအပင်ပန်းခံပြီးလိုက်ပို့စရာမလိုပါဘူးရတယ် Taxi စီးသွားလိုက်မယ်"
"မဟုတ်တာရပါတယ်ညီက အကိုရဲ့နောက်ဆုံးလူနာလေအဲတော့ကိုယ်လည်းအားပြီလိုက်ပို့ပါမယ်"
"ဒါဆိုလည်းအားမနာတော့ပါဘူးဗျာ"
ကားပါကင်သို့ရောက်သောအခါမိုးသားကနောက်ခန်းတံခါးကိုဖွင်ရန်ကြံနေစဉ် ရှိန်းကပိတ်လိုက်ပြီး
"ညီနောက်မှာမထိုင်သင့်ဘူးနော်အဲဒါဆိုကိုယ်ကဒရိုက်ဘာကြီးဖြစ်သွားမှာပေါ့"
မိုးသားကဟက်ဟက်ပတ်ပတ်ရယ်လိုက်ပြီးနောက်
"ဒါဆိုကျွန်ဝောာ်အရှေ့မှာပဲထိုင်တော့မယ်"