အကိုနှင့်ပန်းချီပြောနေတဲ့ထိုစကားများကိုမိုးသားထပ်နားထောင်ရန်အင်အားပင်မရှိတော့ပါ။အခန်းရှေ့လေးကနေပြန်ထွက်သွားသည်။ခဏအကြာပန်းချီကမိုးသားရှိရာသို့ပြန်ရောက်လာခဲ့သည်သို့သော်ကုတင်ပေါ်တွင်ထိုကောင်လေးမရှိတော့ပါ။"ဒီကောင်လေးဘယ်ကိုသွားနေတာလဲမသိဘူးနေမကောင်းဘူးဆိုတာကိုမသိတာလည်းမဟုတ်"
ထိုအခါရှိန်းကသူနာပြုများကိုဒေါသထွက်ကာပြောလိုက်သည်။
"မင်းတို့လူတစ်ယောက်ကိုတောင်သေချာမစောင့်ရှောက်နိုင်ဘူးလားအပြင်မှာလမ်းလျှောက်နေရင်းမေ့လဲသွားရင်မင်းတို့ဘယ်လို့တာဝန်ယူမှာလဲပြော"
သူ့ရှေ့ကထိုလူသားလေးကသူပျောက်သွားတာကိုဒေါသထွက်နေတယ်တဲ့၊အံဩစရာသိပ်ကောင်းတာပဲမိုးသားကနောက်နေရပ်ကြည့်နေလျက်ဖြေးညှင်းစွာအကိုရှိရာဘက်သို့လျှေက်လာခဲ့သည်။
"အကို ကျွန်တော်ဒီမှာပါ ဘာမှမဖြစ်ပါဘူးဒီတိုင်းညောင်းချိနေလို့ခဏလမ်းလျှောက်နေတာ"
စကားပင်မဆုံးသေးသူရဲ့ခန္ဓာကိုယ်လေးကိုရှိန်းကပွေ့ယူကာဖက်လိုက်သည်။ပန်းချီနှင့်ထိုနေရာတွင်ရှိသောသူနာပြုများမှာပင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဘာမှပင်မပြောနိုင်ပါ။သူတို့နှစ်ယောက်ကိုထားကာ အပြင်သို့ထွက်သွားသည်။"အကိုကျွန်တော်အသက်ရှုကြပ်နေပြီ ဘာဖြစ်နေတာလဲ"
"ကိုယ်က မင်းထပ်ထားသွားပြီထင်နေတာ"
မိုးသားက ရယ်လိုက်မိသည်။အကိုကသိပ်ရယ်ရတာပဲ အဲစကားကိုညီကပြောရမှာမဟုတ်ဘူးလား
အစကတည်းကနေအခုထက်ထိအကုန်လုံးကျွန်တော်တစ်ယောက်တည်းဘက်ကနေပဲစခဲ့တာမဟုတ်ဘူးလား အခုဒီလိုဟန်ဆောင်ပြီးပြောနေတယ် စိတ်ပူပေးတယ်ဆိုရင်တောင်ကျွန်တော်ပျော်ပျော်ကြီးအကိုနဲ့အတူသရုပ်ဆောင်ပေးပါမယ်။ကျွန်တော်မသေခင်အချိန်ထိ အကိုကကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်ဆိုတာနဲ့တင်ကျွန်တော်ကျေနပ်မိပါပြီ။အကိုဟန်ဆောင်တယ်ဆိုရင်တောင်ကျွန်တော်မသိကျိုးကျွန်ပြုခွင့်ပြုပါနော် ကျွန်တော်ဒီဘဝမှာဒီလောက်နာကျင်နေရတာနဲ့တင်လုံလောက်ပါပြီ။