'ဟဲလို'
'ရှယ်လီ့အိမ်ကလားမသိဘူးရှင့်'
တစ်ဖက်ဖုန်းမှကြားလိုက်ရသည့်အသံကြောင့်
လင်းလက် လက်ဖျားတွေအေးစက်သွားသည်။
ဒီအသံကိုလင်းလက် မမှတ်မိနိုင်စရာ
အကြောင်းမှမရှိတာ ...။'ဟုတ်ပါတယ်'
'ရှယ်လီ ကားမူးနေလို့ Tripလိုက်ဖို့ အဆင်မပြေတော့ဘူး
ထင်လို့ပါ ... လာကြိုပေးလို့ရမလားမသိဘူး'မာမနေသလို ချိုသာလည်းမနေသည့်အသံကြောင့်
လင်းလက်အသံကို မှတ်မိနေလောက်ကြောင်း
ခန့်မှန်းမိလိုက်သည်။'ဘယ်ကိုလာခဲ့ရမလဲမသိဘူး'
'ကျောင်းကိုပဲလာခဲ့ပေးပါ'
'အခုလာခဲ့ပါ့မယ်'
လင်းလက်အပေါ်အင်္ကျီအမြန်ကောက်ဝတ်ပြီး
ထွက်လာခဲ့လိုက်သည်။ အမှန်အတိုင်းဝန်ခံရလျှင်တော့
စင်နှင့်နောက်တစ်ကြိမ်ထပ်တွေ့ဖို့ လုံလောက်သည့်
သတ္တိ လင်းလက်မှာရှိမနေခဲ့။ ပထမတစ်ကြိမ်ကလို
အခြေအနေ နောက်တစ်ကြိမ်ကြုံရလျှင်
ခံနိုင်ရည်ရှိဖို့တော့ လင်းလက်ပြင်ဆင်ထားရဦးမည်။◾️◾️◾️
'တီတီ'
ရှယ်လီ့အသံကြောင့် စင်ကျောပေးထားသည့်ဘက်ကို
ကြည့်လိုက်တော့ ထင်ထားသည့်သူပင်ဖြစ်နေသည်။
ဘယ်ဘက်'ရှယ်လီ ကားပေါ်တက်နှင့်နော် ... တီတီ သမီးတီချယ်နဲ့
စကားပြောစရာရှိလို့''ဟုတ်'
'စင်'
'ဘာပြောစရာရှိသေးလို့လဲ ...တရင်းတနှီး
စကားပြောနေရမယ့်ဆက်ဆံရေး
မဟုတ်ဘူးထင်တာပဲ''မ ... တောင်းပန်ပါတယ် စင် ... ဒီစကားနဲ့
မလုံလောက်မှန်းသိပေမယ့် ...'မလုံလောက်မှန်းသိရက်နဲ့ဘာလို့လာပြောနေသေးလဲ'
'မ ...
'မ ... ဘယ်သူကမလဲ အဲဒီ မ,ဆိုတဲ့စကားကိုထပ်မပြောနဲ့
ကြည်စင်သော်ရဲ့ မ,ကလွန်ခဲ့တဲ့သုံးနှစ်တည်းက
သေသွားပြီ'စင်လက်သီးကိုတင်းတင်းဆုပ်ရင်းပြောလိုက်မိသည်။
ရှယ်လီမြင်နေနိုင်သည်မို့ ဒေါသကိုအတတ်နိုင်ဆုံး
ထိန်းချုပ်ထားရသည်။ တောင်းပန်ရုံနဲ့ရကြေးတဲ့လား ...။
![](https://img.wattpad.com/cover/187495229-288-k675689.jpg)