'လင်းလက်သွင် ... ဘယ်မှာလဲ'
နေ့ အော်သံကြောင့် လင်းလက်အိပ်ရာမှလန့်နိုးသွားသည်။
'ဪ ... စောက်လုပ်မဟုတ်တာတော့လုပ်ထားပြီး
အေးအေးဆေးဆေးအိပ်ပျော်နိုင်သေးတယ်လား''နေ ... ဘာလို့လဲ'
'ဘာလို့လဲဟုတ်လား ... ဒီတစ်ခေါက်လည်း IVF Fail
ပြန်ပြီဆို ... အေးလေ ... ပုံမှန်မဟုတ်တဲ့
အမေဆီကို ဘယ်ကလေးကလာချင်မှာလဲ'ကိစ္စတစ်ခုခုရှိတိုင်း နေအပြစ်ရှာနေကျစကားကြောင့်
လင်းလက် လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
လင်းလက်ဒေါသမဖြစ်ဖြစ်အောင် ပြောနေတာဖြစ်ပြီး
ဒေါသထွက်ပြလိုက်လျှင်လင်းလက်ဘက်က
အရှုံးဖြစ်သွားနိုင်သည်မို့ မကြားချင်ယောင်ဆောင်ပြီး
အခန်းထဲကထွက်သွားဖို့လုပ်လိုက်သည်။ အများအမြင်မှာ
သိပ်ချစ်ကြသည့် ဇနီးမောင်နှံဖြစ်သည့် နေနှင့်
လင်းလက်ဟာ လက်တွေ့မှာတော့ မျက်နှာချင်းဆိုင်
မရသည့်ရန်သူသာသာလူနှစ်ယောက်သာဖြစ်သည်။'ဒါကဘယ်သွားမလို့လဲ'
ငါ့ကိုလွှတ်'
'ငါစကားပြောလို့မပြီးသေးဘူး'
'ငါ့မှာနင်နဲ့ပြောစရာမရှိဘူး'
'ဒီဟာမကတော့'
ဆွဲထားသည့်လက်ကို ဆောင့်ချလိုက်တာမို့
လင်းလက် ကြမ်းပေါ်လဲသွားသည်။'ဒီကိစ္စဘယ်လိုရှင်းမှာလဲ'
လင်းလက်မျက်နှာကိုခပ်ကြမ်းကြမ်းဆွဲညှစ်ရင်း
မေးနေသည့် နေ့ပုံစံက မိစ္ဆာတစ်ကောင်နှင့်တူသည်။'ဘာကိုဘယ်လိုရှင်းရမှာလဲ ... အစတည်းက
ကလေးမရတာ ငါ့ကြောင့်မဟုတ်ပဲ နင့်ကြောင့်လေ'လင်းလက်စကားကြောင့် နေ ဆတ်ဆတ်ခါ
နာသွားပုံရသည်။ မီးတောက်နေသည့်အကြည့်တွေနှင့်
လင်းလက်ကို စားတော့ဝါးတော့မတတ်ကြည့်နေသည်။'မြင်သမျှမိန်းမတိုင်းနဲ့ပတ်ရှုပ်နေပြီး တစ်ယောက်မှ
ဗိုက်ထွက်မလာတည်းက ပြဿနာကနင့်ဆီမှာမှန်း
နင့်ကိုယ်နင်သိသင့်တာ''နင့်ပါးစပ်ကိုပိတ်ထား'
လင်းလက်ဆံပင်ကိုဆောင့်ဆွဲရင်း ဒေါသတကြီး
ပြောနေသည့်နေ့ကို ခပ်လှောင်လှောင်အကြည့်နှင့်
ကြည့်လိုက်သည်။