Season 2 , Part 6

2.8K 259 6
                                    

'ဒါကဘယ်ကပြန်လာတာလဲ'

နေ ထေ့သလိုလေသံနှင့်မေးလာသော်လည်း
လင်းလက် ရန်မဖြစ်ချင်သည်မို့ ပြေပြေလည်လည်သာ
ပြန်ဖြေလိုက်သည်။

'ရှယ်လီနေမကောင်းလို့သွားကြိုတာ'

'သူများကလေးကိုဂရုစိုက်ဖို့အားနေရင် ကိုယ့်ကလေးကို
ရအောင်လုပ်ပါလား'

ရန်ဖြစ်ဖို့လမ်းစရှာနေသည့်နေ့ကို လင်းလက်
ဘာမှပြန်မပြောတော့ပဲ အခန်းထဲဝင်လာလိုက်သည်။
ကုတင်နှစ်လုံးရှိသည့်အခန်းမှာ နေ့ကုတင်က
ကြည့်ရုံနှင့် ဘယ်သူမှမအိပ်ထားမှန်းသိသာနေသည်။

'ငါပြောနေတာမကြားဘူးလား ... နင်နားလေးနေလား'

'ငါနင်နဲ့ရန်ဖြစ်ချင်စိတ်မရှိဘူးနေ'

'ဒီည Dinner တစ်ခုသွားစရာရှိတယ် ... ၇နာရီ
မထိုးခင်အဆင်သင့်ပြင်ထား'

'မလိုက်ချင်ဘူး'

'ငါနှစ်ခါမပြောချင်ဘူး'

လင်းလက်ဘာမှမပြောတော့ပဲ အပေါ်အင်္ကျီကို
ချွတ်လိုက်သည်။ ကြိုးတစ်ချောင်းဂါဝန်ကြောင့်
ပခုံးနားတစ်ဝိုက်မှာ ညိုမဲစွဲနေသည့်နေရာတွေကို
ထင်ထင်ရှားရှားမြင်နေရသည်။

'ဒီပုံစံအတိုင်းလိုက်ခဲ့ရမလား'

နေမျက်နှာပျက်ပြီးအခန်းထဲကထွက်သွားသည်။
လင်းလက်အခန်းကိုလော့ချလိုက်သည်။

'နောက်ဘယ်တော့မှငါ့ရှေ့ပေါ်မလာနဲ့'

စင့်စကားတစ်ခွန်းသာ လင်းလက် ဦးနှောက်ထဲမှာရော
နှလုံးသားထဲမှာပါနေရာယူနေသည်။ ငါတဲ့လား ...။
ဘယ်တော့မှ ငါ့ရှေ့ပေါ်မလာနဲ့တဲ့လား ...။
စင်သာ ဖြစ်စေချင်တယ်ဆိုရင် မ, လောကကြီးထဲကကို
အပြီးထွက်သွားပေးနိုင်ပါတယ် ... ကလေးရယ် ...။

◾️◾️◾️

'ဘယ်လိုလဲ ... လျှောက်သွားလိုက်တော့
ပျော်သွားပြီမလား'

'အင်း'

'ငါတို့လန်ဒန်မှာတုန်းကလည်း စာမကျက်ချင်ရင်
ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ကြည့်ပြီး
အချိန်ဖြုန်းကြတာလေ'

'ဟုတ်တယ်'

အန်နာ ဆွဲခေါ်လာတာမို့ စိတ်မပါတပါနှင့်
ပါလာသော်လည်း Shopping Centreထဲ
ဟိုဟိုဒီဒီပတ်ကြည့်ပြီးတော့ စင် စိတ်တွေပေါ့သွားသည်။

Dear Ma (ချစ်သော မ) Kde žijí příběhy. Začni objevovat