Part 12

7K 659 39
                                    

'မင်းတို့က အခုထိ Friend Zone ပဲလား'

'ငါကတော့ Friend Zone ထဲက
ထွက်ချင်နေပြီဆိုပါတော့ကွာ'

'နေ'

သူငယ်ချင်းတွေ စ,နေတာကို မျက်နှာတစ်ချက်မပျက်ပဲ
ပြန်ဖြေတဲ့ နေ့ကို လင်းလက် ဟန့်တဲ့သဘောနဲ့
တားလိုက်သည်။ ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော
ဒီလို Personal ကိစ္စတွေထိ လိုက်မေးနေတာကို
လင်းလက်မကြိုက်ပါ ... ပြီးတော့လင်းလက်က
မိန်းကလေး ... ချစ်သူတွေဖြစ်နေကြပြီမို့ ဘယ်တော့
လက်ထပ်မှာလဲဆိုရင်တောင် မိန်းကလေးတွေဘက်က
နေရခက်တတ်ကြသေးတာ ... Propose လုပ်ထားတာ
ဘယ်အဆင့်ရောက်နေပြီလဲဆိုတဲ့ မေးခွန်းမျိုးကတော့
မမေးသင့်တဲ့မေးခွန်းလို့ လင်းလက်ထင်သည်။

'နေ ... ငါပြန်ချင်ပြီ'

'နေပါဦးလင်းလက်ရ ... အခုမှ ၉နာရီတောင်
မထိုးသေးတာကိုနင်ကလည်း'

သူသယ်ချင်းတွေကတားကြပေမယ့် လင်းလက်
မနေချင်တော့ပါ ...။ တခြားမိန်းကလေးတွေရှိပေမယ့်
ကျန်တဲ့သူတွေအကုန်လုံးက အတွဲတွေဖြစ်နေတဲ့အချိန်မှာ
သူငယ်ချင်းထက်မပိုတဲ့ဆက်ဆံရေးသာရှိတဲ့ နေနဲ့
ဒီအချိန်ထိအတူရှိနေတာ လိုထာထက်ကိုပိုနေပြီ ...။

'သူကမနက်ဆေးရုံ  Duty နဲ့ကွ နင်ပြန်ချင်ရင်
ပြန်မယ်လေသွင် ... ဟေ့ကောင်တွေနောက်နေ့မှ
ထပ်ဆက်လိုက်မယ်'

'Ok သားကြီး  Good Luck ကွာ'

အပြန်နှုတ်ဆက်နေတဲ့စကားတွေကိုက
အနှောင့်အသွားနဲ့မလွတ် ... နောက်ဆိုရင်တော့
မတွေ့အောင်ကိုရှောင်နေမှပါ ...။ သူငယ်ချင်းဆိုတိုင်း
စကားကိုပြောချင်တိုင်းပြောလို့ရရောလား ...။

🍁🍁🍁

'စိတ်ရှုပ်သွားတာလား သွင်'

'နည်းနည်းပါ'

'ဒီကောင်တွေအစသန်တာကတော့ နင်သိတဲ့အတိုင်းပဲ'

နေ ပြောလိုက်ပေမယ့် သွင်ဘာမှပြန်မပြော ...။
သွင်က တခြားမိန်းကလေးတွေလို စ,ခံရရင်
ရှက်ကိုးရှက်ကန်းဖြစ်ပြတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ပဲ
မကြိုက်ရင်မကြိုက်ဘူးပြောတတ်တဲ့လူမျိုး ...ဒါကိုသိရက်နဲ့
မေ့ပြီးဟိုကောင်တွေကိုကြိုမပြောမိတာ နေ့အပြစ် ...။
အမှန်အတိုင်းပြောရရင်တော့ သူငယ်ချင်းတွေဆီက
စစ်ကူများရမလားတွေးခဲ့မိတာ ... ။

Dear Ma (ချစ်သော မ) Nơi câu chuyện tồn tại. Hãy khám phá bây giờ