Part 22

7.8K 629 41
                                    

'မ ... အရှိန်လျှော့ပါဦး ... မ,ကားမောင်းတာ
အရမ်းမြန်နေတယ်'

'...'

'မ'

'ကျွီ'

စင်ပြောပေမယ့် မ,ကားကိုအရှိန်မလျှော့ပဲ
တောက်လျှောက်အမြန်မောင်းလာရင်း
လူရှင်းတဲ့တစ်နေရာရောက်တော့မှ ရပ်လိုက်သည်။

'ငါကအဲ့လောက်တောင်ရယ်စရာကောင်းနေလား
ကြည်စင်သော်'

'ဘာကိုပြောချင်တာလဲ မ'

'ဘာကိုပြောချင်တာလဲဟုတ်လား ... ရုတ်တရက်ကြီး
အကြောင်းပြချက်မျိုးစုံပေးပြီးပေါ်မလာဘူး
နောက်တော့ဘာအကြောင်းပြချက်မှကိုမပေးတော့ပဲ
ပျောက်သွားပြီးမှဘာကိုပြောချင်တာလဲတဲ့လား'

'မ ... အဲဒါကလေ ...

'ပြောတော့ ငါကအရေးအကြီးဆုံးလူဆို'

'...'

'ငါ့မှာတော့မင်းကိုဘယ်လောက်ထိသံယောဇဉ်ရှိခဲ့ရလဲ
မင်းကတော့ ... ဘာလို့လဲ ... ငါကအရမ်းလွယ်ခဲ့လို့လား
လွယ်လွယ်လေးသိခဲ့ရလို့ လွယ်လွယ်လေးပဲ
မသိချင်ယောင်ဆောင်လိုက်တော့မလို့လား
ဟုတ်လား ကြည်စင်သော်'

စင့်နာမည်ကိုပါခေါ်ပြီး တစ်ခါမှမသုံးဖူးတဲ့
အသုံးအနှုန်းတွေနဲ့ပြောလာတဲ့ မ...။
ခံစားရခက်လိုက်တာ မ,ရယ် ... ကြည်စင်သော်တဲ့လား ...
ပြီးတော့ မင်းနဲ့ငါတဲ့လား ...။

'မ ... အဲဒါကလေ ... တကယ်တော့ ...

'ဘာအကြောင်းပြချက်တွေထပ်ပေးဦးမလို့လဲ
နောက်တယောက်ရောက်လာလို့
ငါ့ကိုထပ်မပတ်သက်ချင်တော့တာမလား
အဲဒီလိုပေါ့ပျက်ပျက်သဘောထားခဲ့မယ်ဆိုရင်လည်း
အစတည်းကငါ့ကိုမသိချင်ယောင်ဆောင်ခဲ့လေ'

'ပေါ့ပျက်ပျက်သဘောထားတယ်တဲ့လား
ဒါတော့ လွန်သွားပြီ မ'

'ငါကလွန်တယ်တဲ့လား ... အဲဒါဆိုမင်းကရော
ဘာအကြောင်းပြချက်မှသေသေချာချာမပေးပဲ
ရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်သွားတဲ့မင်းကရော'

'အဆက်အသွယ်ဖြတ်တဲ့သူကရော
ပျော်လွန်းနေတယ်ထင်လို့လား မ
ဖြတ်ချင်လွန်းလို့ဖြတ်တယ်လို့ မ, ထင်နေတာလား'

Dear Ma (ချစ်သော မ) Hikayelerin yaşadığı yer. Şimdi keşfedin