'နင်ပဲစဉ်းစားကြည့်တော့ ... ငါကပျော်ရမှာလား
ငိုရမှာလားကိုမသိတော့ဘူး ... ငါကပဲ
လောဘကြီးလွန်းနေတာလား ... အစကတော့
သူ့အနားမှာ ရင်းရင်းနှီးနှီးနဲ့နေခွင့်ရရင်ကျေနပ်ပြီလို့
တွေးမိတာပဲ ... အခုကျတော့ သူကငါ့ကိုဂရုစိုက်လေ
ငါလောဘတက်လေ ... ငါ့ခံစားချက်တွေကို
ထိန်းထားရတာလည်းပင်ပန်းလွန်းနေပြီ အဆင့်ကလည်း
တက်ချင် ... ဖြစ်ချင်ရာဖြစ်ဖွင့်ပြောလိုက်ပြန်ရင်လည်း
အခုအခြေအနေလေးလုံးဝပျက်သွားမှာလည်းကြောက်
ငါဘာလုပ်ရမလဲသံသာ'စင် ခံစားနေရတာတွေအကုန်ပြောလိုက်ရတော့
နည်းနည်းတော့စိတ်ပေါ့သွားသလိုခံစားရသည်။
တကယ်ဆို ကိုယ်ချစ်နေတဲ့သူနဲ့အခုလိုအခြေအနေဆိုတာ
တစ်ဖက်ကတွေးကြည့်ရင် ပျော်စရာလို့ပြောလို့ရပေမယ့်
တစ်ဖက်ကကြည့်ပြန်ရင်လည်း
စိတ်ညစ်စရာဖြစ်နေပြန်သည်။ လောကကြီးမှာ
ဘာဖြစ်လို့ ယောက်ျားလေးနဲ့မိန်းကလေးဖြစ်မှ
ချစ်ခွင့်ရှိတယ်လို့ သတ်မှတ်ထားရတာလဲ ... မိန်းကလေးချင်း
ဆိုတဲ့စည်းသာခြားမနေခဲ့ရင်ဖွင့်ပြောခဲ့တာကြာပြီ
အခုတော့ ... မိန်းကလေးချင်းဆိုတဲ့စည်းကြီးကြောင့် ...။'ငါဆံပင်ညှပ်ပြီး Tom ပဲလုပ်လိုက်ရမလား
အနည်းဆုံးတော့ ယောက်ျားလေးစိတ်ပေါက်နေတဲ့
ပုံစံနဲ့ငါဖွင့်ပြောလို့ရတယ်လေ ... အဲ့လိုဆိုလည်း
အဆင်မပြေပြန်ပါဘူး''နင့်ပုံစံကနင်နဲ့တောင်မတူတော့ဘူး'
'နင့်သူငယ်ချင်းအချစ်နာကျနေတာကိုး'
'နင်ကရည်းစားဖြစ်ချင်တာလားစင်'
'အဲ့လိုလည်းမဟုတ်ဘူးဟာ ... ဒါပေမယ့် မ,ကငါ့ကို
ညီမလေးဆိုတဲ့စည်းတားထားပြန်တော့လည်း
ငါမပျော်ပြန်ဘူး ... ရူးတော့မယ်ထင်ပါတယ်သံသာရယ်'ရူးသွားတာမှကောင်းဦးမှာပါပဲ ...။
🍁🍁🍁
'သမီး ... ခဏလောက်ထိုင်ပါဦး'
ဆေးရုံကပြန်လာလာချင်း ဖေဖေရော မေမေပါ
လင်းလက်ကိုထိုင်စောင့်နေကြသည့်ပုံကို မြင်လိုက်ရသည်။
အလုပ်များတဲ့ဖေဖေရောမေမေပါ အတူရှိနေကြတာဆိုတော့တစ်ခုခုလည်းပြောစရာရှိနေပုံရသည်။
