Yours

12.4K 732 9
                                    

Love Affair

epi 2

*မဖြစ်နိုင်တာ ရူးနေလို့လား ယောကျာ်းချင်းရင်ခုန်ရအောင် မဖြစ်နိုင်ဘူး Luhan မင်းရူးမနေစမ်းနဲ့*

သာမန်ထက် တလှုပ်လှုပ်အခုန်မြန်နေတဲ့ နှလုံးသားကို မျက်ကွယ်ပြုကာ ကိုယ်အတွေးနဲ့ကိုယ် ခေါင်းတခါခါနဲ့ငြင်းနေမိတယ်

''ကိုယ့်ကိုယ်လက်မခံချင်လို့လား Lu ရယ် အဲလောက်အပြတ်အသတ် မငြင်းလိုက်ပါနဲ့နော် စဉ်းစားပေးပါကွာ နော်...''

ကိုယ့်ဟာကိုယ် ခေါင်းတခါခါဖြစ်နေတာကို သူ့ငြင်းတယ်ပဲထင်သွားတာလား စိုးရိမ်စိတ်နဲ့အတင်းတောင်းဆိုနေပုံလေးက လူကိုမငြင်းရက်အောင်ပဲ ပြုစားလိုက်လေသလား......

သွားပြီ... ကျွန်တော် ...ရူးသွားပြီ...

ခေါင်းငြိမ့်လိုက်တာလား ကျွန်တော်လက်ခံလိုက်မိပြီ ဘယ်...ဘယ်လိုလုပ်ရပါ့... ကျွန်တော်က သူ့အတွက် အပေါစားဆန်သွားရင် ဘယ်လိုလုပ်မလဲ arshii *Luhan ပြောတော့ မကြိုက်ပါဘူးဆို အခုတော့လည်း...ချက်ချင်းကြီး...ငါရူးနေတာသေချာနေပါပြီ...*

''ဟို ဟိုလေ...''

ဘာမှတောင် ဆင်ခြေမပေးလိုက်ရ... ရင်ခွင်နွေးနွေးလေးထဲ ကျွန်တော့်ကိုယ်လေး အိကနဲ နင့်ဝင်သွားတယ်

တင်းကြပ်စွာချုပ်နှောင်ထားတဲ့လက်တွေကြား အနေချောင်အောင်တောင် နည်းနည်းလေးတောင်လူးလွန့်ကြည့်လို့မရ!!

''gomrrwor Lu... jinjr gomrrwor'' သူပြောလိုက်တာလေးကြားတော့ ရင်ထဲသိမ့်ကနဲပဲ!! သာမန်စကားလေးတစ်ခွန်းကို အဓိပ္ပာယ်တွေအများကြီးသက်ရောက်သွားစေလောက်အောင်ထိ သူတကယ် ဆန္ဒရှိနေခဲ့တာလား ဒါမယ့် တစ်ပတ်ပဲလေ sehun ရယ် မင်းနဲ့ငါနဲ့အတွက်က မင်းသတ်မှတ်ခဲ့တဲ့တစ်ပတ်ဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုထိပဲလေ......

©©©©©©©©©©©©©©

ကျွန်တော်အလုပ်ပြီးတဲ့ဆီထိ စောင့်ပြီး အိမ်အထိပါလိုက်ပို့ပေးတယ် ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပဲလား တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘူး ဒီလိုကျတော့ ပိုအနေရမခက်ဘူးလားလို့ တကယ်ပဲ အလိုက်သိသလိုလို မသိသလိုလိုနဲ့...

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin