နာရီ မိနစ် စက္ကန့်တံတွေ ခြောက်ခြားဖွယ် တဖြေးဖြေးရွေ့လျားနေသည်နဲ့အမျှ ကျွန်တော့်တစ်ကိုယ်လုံး အပူမီးတောက်ကြီးသဖွယ် လောင်ကျွမ်းလာတယ် ... ကိုယ့်အဖြစ်ကိုယ်လည်း စိတ်မရှည်မိဘူး ... အသည်းအသန် အသက်လုနေရရှာတဲ့ ကိုယ့်ချစ်သူတစ်ယောက်လုံးကို အခန်းထဲမှာ ဆရာဝန်တွေနဲ့ပစ်ထားထားပြီး အပြင်မှာသာ ရူးမတတ်ဆုတောင်းရုံပဲတတ်နိုင်တဲ့ဘဝ...
^ဘာမှမဖြစ်လောက်ပါဘူး^လို့ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ ဆန့်ကျင်ဘက်ကိုသာ ကိုယ့်အတွေးနဲ့ကိုယ် အတင်းဆွဲယူပြီး အားတင်းထားပေမယ့် ... ကျွန်တော် သိနေတာကြီးက တော်တော်ဆိုးတယ်... ^သူ...တစ်ခုခုဖြစ်နေလောက်ပြီဆိုတာ^
1နာရီ နီးပါးလောက်သာ ကြာသွားတယ် ... အရေးပေါ်အခန်းထဲကနေ ဆရာဝန်ရော...သူနာပြုရော...ဘယ်သူ့အရိပ်အရောင်ကိုမှမတွေ့ရ ...
အကယ်၍ Hun ... ကျွန်တော့်ဆီသာ ပြန်မလာနိုင်တော့ရင် ဘယ်လိုလုပ်မလဲ...
အဲ့လိုတော့ ဖြစ်လို့မရဘူးနော် Hun ... မင်းခန္ဓာကိုယ်ကို ... ငါတစ်ဝက်ပိုင်တယ်...ဒီလို ပစ္စလက်ခတ်လုပ်သွားလို့မရဘူးနော် ... ကျေးဇူးပြုပြီး ... Hun ရယ် ... အဲ့အခန်းထဲကနေ အသက်ရှင်လျက် ပြန်လာပေးပါ...
အကောင်းဘက် အဆိုးဘက် ကြိုးပြိုင်နေကြတဲ့ မတင်မကျ အခြေအနေကြီးက ... ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း ခြောက်ခြားလာစေတယ်...
ကျွန်တော် အခန်းထဲမှ ထွက်လာတဲ့ ဆရာဝန် အရိပ်အခြေကိုတွေ့လိုက်ရတော့ ... အပြေးတစ်ပိုင်းနဲ့ပြေးမေးမိတယ်...ဆရာဝန်တွေ မျက်နှာမကောင်းရင် ကျွန်တော် ပိုကြောက်မိတယ် ... အဲ့ဒါကြောင့် ကျွန်တော် လျစ်လျူရှုထားမိလိုက်တယ်ထင်တယ် ...
Hun ပြန်ကောင်းလာပါပြီ ~ ဟုတ်မှာပါ ... အဲ့လိုပဲ..."ဆရာ...အခြေအနေ...အခြေအနေ...ဘယ်လိုရှိလဲဟင်?"
"အသက်အန္တရာယ်ကိုတော့ ... ကျော်သွားနိုင်ပေမယ့် ... အခြေအနေကတော့ ... သိပ်မကောင်းဘူး "
ကျွန်တော် ပျော်ရမှာလား... ငိုရမှာလား...~
"ဘယ်လိုမကောင်းတာလဲ ... ဆရာ...အရမ်းစိုးရိမ်ရလားဟင် ... "
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...