...in the distance

4.3K 456 23
                                    

မိမိကိုယ်တိုင်ရဲ့ ပရောဂ တစ်ခုမှမပါဘဲနဲ့ စတင်လာခဲ့တဲ့ မတော်တဆအမှားလို့လည်း မဆိုနိုင်သော အပြစ်တစ်ခုကို ကျူးလွန်ခဲ့တဲ့ ကျွန်တော့်ရဲ့အဖြစ်မှာတော့ "ကိုယ့်အပြစ်တွေပါလို့" သင်ပုန်းချပြီး နောက်ဆုံး "လမ်းခွဲရအောင်"ဆိုတဲ့စကားကို ရက်ရက်စက်စက် ပြောထွက်ရက်တဲ့ သူနဲ့တော့ လုံးဝကို ခြားနားပါတယ် !

သူကတော့ တစ်ဖက်မှာ ဂတိတွေအထပ်ထပ်ပေးပြီး လိမ်လိမ်မာမာ နေပြရင် သူ့ဘဝမှာ ဆုံးရှုံးစရာတစ်ခုမှမရှိပေမယ့် ကျွန်တော်မှာတော့မတူဘူးလေ~

သူ့နဲ့ပါပတ်သတ်နေတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော် ဆက်နေနေလို့ဘယ်ဖြစ်တော့မလဲ ~ ကျွန်တော့်ကို ဘယ်ကြည်ဖြူချင်ကြတော့မလဲ~ မသတီရွံ့မုန်းနဲ့အကြည့်တွေ ဝုန်းကနဲပြိုဆင်းမလာခဲ့ဖို့ပဲ ဆုတောင်းရတော့မလို ~ ohsehun ရယ် မင်းတကယ် ရက်စက်တယ်ကွာ ~ ငါ့ကိုတော့ မျက်လွှာကိုအောက်ချ ဒူးထောက်မတတ်မျက်နှာဘေးနဲ့ အရှက်မရှိတဲ့ယောကျာ်းတစ်ယောက်ဖြစ်အောင်ပါ ချောက်ချခဲ့ရသလား ~

"အလုပ်ထွက်မလို့? ဟုတ်လား?"

"ဟုတ်ကဲ့ ကျွန်တော် ဒီမှာဆက်အလုပ်လုပ်နေလို့မဖြစ်တော့ဘူးထင်လို့ပါ... အဲ့ ဒါကြောင့် ကျွန်တော် အလုပ်ထွက်ပါရစေ သူဌေး"

"အေးပေါ့လေ ငါ့မျက်နှာကိုကြည့်ရင်း မင်းအားနာနေမိမှာပေါ့ ! ဒါပေမယ့် ငါက အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိစ္စကို မရောပါဘူး ! မင်း မထွက်ဘဲနေလည်းရပါတယ်"

"ရပါတယ် သူဌေး ! ကျွန်တော် အလုပ်ထွက်ပါ့မယ် ! သူဌေးအတွက်လည်း အဲ့ဒါက ပိုပြီး အဆင်ပြေစေပါလိမ့်မယ်"

"ဒါဆိုလည်း မင်းသဘောပဲလေ ~ အကယ်၍ မင်းစိတ်ပြောင်းသွားလို့ အလုပ်ပြန်လုပ်ချင်ရင် အချိန်မရွေးပြန်လာလို့ရပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး"

ကျွန်တော့် စိတ်ထဲကျေနပ်မှုတစ်ခုတော့ ရှိသွားတယ် ကျွန်တော်လိုကောင်မျိုးအတွက် ပြန်လာစရာနေရာတစ်ခုရှိသေးတယ်ဆိုတာကိုလေ ~

uniform တွေကို ချွတ်လိုက်ပြီး လွယ်အိတ်ကလေးကိုကောက်လွယ်လိုက်ကာ ကျွန်တော် နောက်ထပ်နှုတ်ဆက်ရဦးမယ့် သူတစ်ယောက်...~ Tao နဲ့ကျွန်တော်နဲ့က ဘယ်အချိန်တွေ့တွေ့ တွေ့လို့ရပေမယ့် ဒီကနေ အလုပ်ထွက်လိုက်တာတော့ သူ့ကိုအသိပေးနှုတ်ဆက်သင့်တယ်လေ ~ ဒါပေမယ့်လည်း...နောက်ဆို တွေ့ချင်တဲ့အချိန်တွေ့ရဖို့ကလည်း သိပ်မလွယ်လောက်တော့ဘူးထင်ပါတယ်~

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin