တစ်နေ့ရဲ့တစ်မနက် ... တစ်မနက်ကနေအိပ်ရာဝင်ချိန်ထိ တစ်နေ့တာတိုင်းဟာ ... ကျွန်တော့်အတွက် စိတ်ပျက်စရာကောင်းလွန်းလာတယ်...
အိမ်ထဲပဲ တငုတ်တုတ်တုတ် နေပါများရင်...ကိုယ့်ရောဂါနဲ့ကိုယ်မသေခင် စိတ်ကျရောဂါနဲ့ရူးနိုင်တယ်...
ပြီး...ကျွန်တော် ခဏလောက်လေးပဲဖြစ်ဖြစ် ရှောင်ထွက်နေချင်တယ်...ဘယ်သူနဲ့မှ စကားမပြောရမယ့်နေရာတစ်ခုဆီကို...
ရှောင်ထွက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ခရီးထွက်သလို တခြားမှာ ရှောင်ပုန်းဖို့ပဲ...ဦးတည်ချက်က တစ်နေရာဆီကို ဆိုပေမယ့်...လမ်းတစ်လျှောက်တော့ ထွက်ပေါက်လေးတစ်ခုရနိုင်ကောင်းပါရဲ့ဆိုတဲ့ စိတ်တစ်ခုနဲ့ ကျွန်တော် သွားမှာပါ...
အခုလိုစိတ်ကူးကလည်း ... လွန်ခဲ့တဲ့သုံးလေးရက်က ဖြစ်ခဲ့တဲ့ အခြေအတင်ကိစ္စတစ်ခုရဲ့တွန်းပို့မှုကြောင့်နဲ့လည်း သက်ဆိုင်ပါတယ်...
^မင်း...တကယ် ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် ငါ တကယ် Luhan ကို ပြောလိုက်မှာ...ငါမလုပ်ရဲဘူးလို့ထင်နေလား^
^မင်း Lu ကိုပြောလိုက်ရင်...ငါ ဒီမှာ မနေဘူးနော် Kai ! ^
ကျွန်တော့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူး...အဖေအရင်းကတောင် ကိုယ့်သား ဘာဖြစ်နေမှန်းမသိ...ဂရုအစိုက်မခံရတဲ့ ကျွန်တော့်ကို စေတနာကောင်းတွေထားကြတဲ့ သူတို့တွေကိုလည်း ထပ်ပြီး မပင်ပန်းစေချင်တော့ဘူး...
ကျွန်တော့် ကိုယ် ကျွန်တော် သိပါတယ်....ကျွန်တော့်ရောဂါက ပြန်ကောင်းလာနိုင်မှာမဟုတ်ဘူးဆိုတာ...အစားထိုးကုသလို့လည်း မရနိုင်ဘူးဆိုတာ...
အခု သောက်နေတဲ့ ဆေးတွေတောင် နာကျင်တာကို သက်သာအောင် သိပ်မလုပ်ပေးနိုင်တော့ဘူး ...
လူတွေက မသေခင်တော့ ကိုယ့်တောင်းတမိတဲ့ အရာလေးတွေကို အကောင်အထည်ဖော်သွားကြည့်ချင်တယ်မလား ... ကျွန်တော်လည်း အဲ့လိုပဲ ... နည်းနည်းလောက်လုပ်ကြည့်မလို့ ...
စားပွဲတင် နာရီလေးဘေးမှာ ထား ထားတဲ့ ဖုန်းကို ကျွန်တော် လှမ်းယူလိုက်တယ်... ဘာမှန်းမသိ ဆွဲယူလိုက်ပေမယ့် ... မသိစိတ်မှာ ကပ်ငြိနေတာလေး တစ်ခုကြောင့် ဖွင့်ကြည့်လိုက်မိတယ်...
call များဝင်နေမလား ...? msg တစ်ခုခုများ ရောက်နေမလား...?
ŞİMDİ OKUDUĞUN
Love Affair(HH)
Casualeမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...