When can I see u again?

4.4K 438 31
                                    

ဟန်မြစ်တစ်လျှောက် တိုက်ခတ်လာတဲ့လေပြေတွေက မျက်နှာနား ညင်ညင်သာသာ ပွတ်တိုက်သွားရင်း ဘယ်တော့မှ ဆုံးမယ်မှန်းမသိ အားမနာတမ်း ကျဆင်းနေရတဲ့ မျက်ရည်စတစ်ချို့ကိုပါ ခြောက်သွေ့သွားစေတယ် ~

ခြောက်သွေ့သွားလည်း ခဏပါပဲ ~ ထပ်ပြီး ကျရင်း ကျရင်း မျက်ရည်တွေထပ်ကျနေမိပြန်ပြီ ~ အညံ့ပေးခြင်းကို သဘောဆောင်စေတဲ့ ဒီမျက်ရည်တွေကို ပါးပြင်ပေါ် လွတ်လပ်စွာ ကျဆင်းစေရုံကလွဲ ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ အသိကြောင့် လက်သီးကို အလိုလိုဆုပ်ထားမိလျက်သား ...

သနားသောအားဖြင့် တန်ခိုးတွေသာ ရနိုင်မယ်ဆိုရင် တစ်ခုထဲပဲဖြစ်ချင်ပါတယ် ~ အချိန်တွေကို နောက်ပြန်လှည့်ပစ်ချင်တယ် ~ ကျွန်တော်နဲ့Lu မတွေ့ခဲ့ကြ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပတ်သတ်မှုနဲ့ ဘယ်လိုနာကျင်မှုတွေပေးကြမလဲ ဆိုတာကို မသိခဲ့ကြတဲ့ အချိန်ဆီကိုရွှေ့လိုက်ချင်တယ် ~ အဲ့လိုသာဖြစ်ခွင့်ရမယ်ဆိုရင် ကျွန်တော် သူ့ကို မသိအောင်နေခဲ့မှာပါ ...

တစ်ခါမှ သူ့လက်လေးမှာ စွပ်ပေးခွင့်တောင် မကြုံခဲ့ဘဲ ခုတော့ သူကိုယ်တိုင် ချွတ်ပေးလိုက်တဲ့ လက်စွပ်လေး ... ကျွန်တော့်လက်ထဲ မယုံနိုင်စွာ ပြန်ရောက်နေခဲ့ပြီ ...

ရင်နာတယ်ဆိုတာထက် ပိုတယ် ~ ရင်ဘတ်တွေ စုတ်ပြတ်သတ်သွားတယ် ဆိုတာထက် ပိုနာကျင်ရတယ် ~ အဆိပ်တစ်ခွက်ထက် ပိုခါးသီးတဲ့ အရသာ ဆိုတာထက် ပိုပြင်းရှတယ်~ ဆိုရင် အဲ့ခံစားချက်ကို Lu ယုံနိုင်ပါ့မလား ...

သက်မဲ့ဂုဏ်ဒြပ်တွေနဲ့ ဝန်းရံထားတဲ့ ဘောင်ထဲကနေ ချစ်နေရတဲ့ အချစ်အတွက် နာကျင်မှုကိုတောင် ပေါ်တင် ဖွင့်ပြခွင့်မရှိဘူး ... ဟား ဟား ခါးသီးဖို့ကောင်းလိုက်တာ ... မုန်းတီးဖို့ကောင်းလိုက်တာ ... ပတ်ဝန်းကျင်ကို အရောင်ခြယ်ထားကြတဲ့ အတ္တတွေက နှလုံးသား နှစ်ခုကို ပတ်ပတ်စက်စက် စတေးကြတာ ~

တစ်ခါတစ်လေ လူ့ဘဝကြီးမှာ နေရတာ အဓိပ္ပာယ်မဲ့တယ်ဆိုတာကို သိမိတဲ့အချိန် အသက်ရှူသံတွေကိုပါ ရပ်တန့်သွားစေချင်ခဲ့တာ ... ကျွန်တော် သေသင့်တယ်မလား ~

ခြေလှမ်းတွေကို အရှေ့တည့်တည့်သို့ လှမ်းစေလိုက်တယ် ကျွန်တော့် နှလုံးခုန်နှုန်းတွေ ထာဝရရပ်တန့်သွားမယ့်အချိန်ထိ မရပ်တမ်း မနားတမ်းပေါ့ ...

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin