Love Affair (Rated-M)

7.3K 438 0
                                    


^Lu အလုပ်ဆင်းမယ့်အချိန်ကိုပြော!! မပြောရင် ကိုယ်ဆိုင်ထဲကနေ ဆွဲခေါ်သွားမှာနော်^

~~~~~~~~~~Love Affair~~~~~~~~~~

ကျွန်တော်ဘက်က SMS ပို့ပြီးလို့ 2 min လောက်ရှိသည်ဆီထိ သူ့ဘက်က ဘာ reply မှ မလာသေး !! ဧကန္တ ကျွန်တော် soo ရှေ့ကနေ ဆွဲမခေါ်သွားရဲဘူးထင်လို့ ဘာမှပြန်မပို့ဘဲ အရေးမစိုက်တာတော့ မဟုတ်လောက်ပါဘူးရယ်... မဟုတ်ဘူး... အဲ့လိုထင်လို့ လျစ်လျူရှုထားလိုက်တာဆိုရင်ရော... suho hyung ရှေ့ soo ရှေ့ကနေ lu ကိုသွားခေါ်လာရမှာလား... အဲ့လိုနဲ့အားလုံးရှုပ်ကုန်ရင်ရော...

တွေးရင်းနဲ့ ခေါင်းကိုက်လာသည် ကျွန်တော့်မှာ မှော်အစွမ်းတွေသာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ...
မဟုတ်သေးဘူး...ဒီလိုတွေးနေရမယ့်အချိန်မဟုတ်ဘူး... luhan !! ကိုယ်က လုပ်ချင်တာဆို မျိုသိပ်ရတာ ရောဂါတစ်မျိုးဖြစ်နေသလို ခံစားရတဲ့သူပါ... စောင့်ကြည့် !! ဘာဖြစ်ဖြစ် အဲ့နေရာကနေ ဆွဲခေါ်လာပြမယ်!!

ခြေလှမ်းကျဲကျဲနှင့်လျှောက်သွားပြီး တံခါးနားအရောက် တွန်းဖွင့်ဖို့ လက်ဟန်ပြင်လိုက်သည် ~~

"beep beep"

ph screen လင်းကာ vibrate တုန်သွားပြီး noti အသံလေးဝင်လာသည် ~

*8 နာရီ *

အပိုစကားလုံး တစ်လုံးမှမပါဘဲ အချိန်ကိုဖော်ပြသည့် စာလေးသာ... စိတ်ထဲတော့အရမ်းကြီးမသက်သာချင်ပေမယ့် သိချင်တဲ့ကိစ္စသိလိုက်ရပြီဆိုတော့လည်း တွေ့တော့မှ...တွေ့တော့မှ......... တွေ့ရင်ရော ကျွန်တော် ဘာပြောရမှာလဲ ဘယ်လိုဖြေရှင်းချက်တွေပေးရမှာလဲ...ဘယ်လိုမျက်နှာမျိုးနဲ့ ဘယ်လိုဘယ်ပုံရှင်းပြရမလဲ... ကျွန်တော် မသိဘူး ...

"Sehun na ဖုန်းပြောလို့ပြီးသွားပြီလား"

Soo က ထိုင်နေတဲ့နေရာကနေ သူ့နောက်က တံခါးနားမှာသာရပ်နေသေးတဲ့ ကျွန်တော့်ကိုလည်ပြန်ကြည့်ကာမေးသည် သူမေးတဲ့အမေးကို ပြန်မဖြေနိုင်သေးဘဲ လက်ပတ်နာရီကိုဖုံးထားတဲ့ coat အနက်လက်ရှည်ကို အပေါ်ဘက်သို့ဆွဲလိုက်ပြီး နာရီကိုကပြာကယာကြည့်လိုက်သည် ~

7:30 ကျော်နေပြီ ကျန်တဲ့ နာရီဝက်အတွင်းမှာ sooကို အိမ်အမြန်လိုက်ပို့ပြီး lu ဆီ ပြန်လာရဦးမှာမို့ ဒီအချိန်လောက်နဲ့မလောက်နိုင်ပေ... ကားကိုအမြန်ဆုံးနည်းနဲ့မောင်းပြီး ပြန်လာမှဖြစ်မည်...

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin