Plz stop it

5.9K 401 4
                                    

မျက်နှာပေါ်နေရောင်ခပ်ဖျော့ဖျော့ ဖျာကျလာတာကြောင့် ခန္ဓာကိုယ် အနည်းငယ်လွန့်လူးလာပြီး မျက်ခွံများလည်းပွင့်လာသည် ~ အိပ်ရာထကာစ ယောင်ယမ်းကာ "ဒါ ဘယ်နေရာပါလိမ့်" ဟုတွေးမိသွားပေမယ့် တဖြေးဖြေးအသိကပ်လာတော့မှ ညက ကိစ္စတွေ.........

Arr...ကျွန်တော် ထပ်မိုက်ခဲ့မိပြန်ပြီပဲ !! မွှန်ထူနေခဲ့တုန်းက အရာအားလုံးမေ့ပြီး လက်ခံခဲ့ပေမယ့် ကျွန်တော် တော်တော်မိုက်ရူးရဲတာပဲဆိုတာ ခုမှသုံးသပ်နေမိသည် ~ ကျွန်တော် သူ့ကို ဘယ်လိုမှ လွန်ဆန်နိုင်စွမ်းမရှိတာကိုက အပြစ်ပါပဲလေ ~ လက်လွှတ်ချင်နေပေမယ့် မသိစိတ်ကပိုင်ဆိုင်ချင်နေမှုကြောင့် သူနဲ့ဆက်ဆံမိရင် ကျွန်တော် ငြင်းပယ်နိုင်စွမ်းမရှိဘူး ~

ကျွန်တော့်ခါးကိုဖက်ထားတဲ့ သူ့လက်ကို အသာလေး မ ကာ ဖယ်လိုက်ပြီး အိပ်ယာကနေ ထဖို့ပြင်လိုက်သည်

"အမေ့!!"

အိပ်ယာကနေ ထဖို့ပြင်လိုက်စဉ် ကျွန်တော့်လက်တစ်ဖက်ကို လှမ်းကိုင်လိုက်တဲ့ သူ့လက်ကြောင့် လန့်သွားမိသည်

"ဘယ်သွားမလို့လဲ"

"Se...sehun na"

သူလည်း အိပ်ယာကနေ ကုန်းထလာပြီး ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်

"ထပ်ထွက်ပြေးဖို့လုပ်နေတာတော့မဟုတ်ပါဘူးနော်"

"............"

"Lu !! မင်းပဲညကလက်ခံခဲ့တယ်လေ ကိုယ်လည်း အားလုံးစွန့်လွှတ်နိုင်ပါတယ်လို့ပြောပြီးပြီမလား ကိုယ့်အနားကနေထပ်ထွက်မသွားပါနဲ့တော့ကွာ..."

"ငါ...ငါလေ......တော်တော်မကောင်းတာပဲနော်"

"မဟုတ်ပါဘူး lu ရယ်~ lu အမှားတစ်ခုမှမရှိဘူး အကုန်လုံးက ကိုယ်စခဲ့တာတွေပါ ကိုယ်ကသာ မကောင်းတာ"

Sehun !! ငါစဉ်းစားနေတာလေ ... မင်းပိုင်ဆိုင်မှုတွေက တအားများလွန်းတယ် ... ပြောသလောက်လွယ်ပါ့မလား ... ပြောသလောက် ငါတို့အတူလျှောက်မယ့်လမ်းကဖြောင့်ဖြူးနိုင်ပါ့မလား ... ညထဲက စဉ်းစားပြီး ငြင်းခဲ့သင့်တာ...ငါအမြဲတမ်း လက်ခံမိနေလို့...ငါအမြဲတမ်း မလွန်ဆန်နိုင်လို့ ... မင်းကိုချစ်နေမိလို့ ငါကိုက တကယ်မကောင်းတာပါ ... အမှန်တော့လေ ဒီဇာတ်လမ်းကို Sehun မင်းက စခဲ့တာဆိုပေမယ့် ဇာတ်ကွက်တွေကိုတော့ ငါက ဖန်တီးနေမိတာထင်တယ် ~ မင်း စချည်ခဲ့တဲ့ နှောင်ကြိုးတစ်ခုက အခု ငါ့လက်ထဲမှာ ပိုရှုပ်ထွေးနေပြီ ~

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin