လူတစ်ယောက်ကို စွန့်ခွာခြင်း ခွဲခွာခြင်း ကျောခိုင်းခြင်း... အဲ့ "လူတစ်ယောက်" ဆိုတာ ကိုယ်တန်ဖိုးအထားရဆုံးသူ ကိုယ်အချစ်ရဆုံးသူ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လက်လွှတ်ပစ် ဖို့စဉ်းစားခဲ့ရတာ ဘယ်လိုလုပ်လွယ်နိုင်ပါ့မလဲ Lu ရယ်...အရမ်းကိုခက်ခဲခဲ့တာ...အရမ်းကိုခက်ခဲခဲ့တာပါ...
ပေါ့ပေါ့တန်တန် စိတ်နဲ့ စွန့်ပစ်လိုက်ရအောင် ကိုယ့်အချစ်က မင်းအပေါ် တော်ရုံတန်ရုံမှ မဟုတ်ခဲ့တာ...
ပြောလိုက်စမ်းပါ...ပြောပစ်လိုက်စမ်းပါ...ကိုယ့်ကို မုန်းတယ်လို့...မုန်းလိုက်ပါ...Lu ရယ်...မင်း အမုန်းနဲ့တောင် မထိုက်တန်တဲ့ ကိုယ့်ကို နာကျည်းပစ်လိုက်စမ်းပါ...အဲ့လိုတော့ ကိုယ့်စိတ်ကိုယ် အရက်နဲ့မျောချပြီး နှိပ်စက်မနေပါနဲ့...အမြည်းတောင်မပါလောက်ဘူး သောက်နေတာ...အစာအိမ် ထိခိုက်မှာပေါ့ကွာ...ညဥ့်လည်းနက်နေပြီ...ဘာလို့ခုထိ အိမ်မပြန်သေးတာလဲ...
တမင် ကိုယ့်စိတ်ကိုယ် နိုင်သလိုမျိုးချုပ်တည်းထားခဲ့ပြီး Lu ထွက်သွားတာတောင် လိုက်မခေါ်နိုင်အောင် လုပ်ခဲ့တာ...ကျွန်တော် သူ့ကိုဆက်ဆွဲထားဖို့မဖြစ်နိုင်တော့လို့ပါ...
ကျွန်တော် ဘယ်လောက် အောင့်အီးနေပါစေ...ကျွန်တော့်ရဲ့ မသိစိတ်လေးတစ်ခုက စေခိုင်းနေတဲ့အရာက ဦးနှောက်ကို လာလာပြီး အလုပ်ပေးနေတယ်...အဲ့မသိစိတ်ဆိုတဲ့အရာက သိစိတ်ထက် ချုပ်တည်းဖို့ပိုခဲယဉ်းတယ်...ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး...ကျွန်တော့်ကို ဘယ်လိုထင်ကြလိမ့်မလဲတော့မသိ...စကားမြန်မြန်လက်စဖြတ်ပြီး သူ့အိမ်အပြန်လမ်းကို ကားတစ်စီးနဲ့လိုက်ရှာကြည့်မိတော့...သူတို့ လမ်းထိပ်နားမှာရှိတဲ့ လမ်းဘေး ဆိုဂျူဆိုင်မှာ ထိုင်သောက်နေတဲ့ သူ့ကိုတွေ့လိုက်ရတယ်...ကိုယ့်စိတ်နဲ့ကိုယ်ဆို ကားထဲက ဝုန်းခနဲထထွက်ပြီး "ထပ်မသောက်နဲ့တော့" လို့ပြောပြီး ဆိုင်ထဲကနေ ဆွဲခေါ်လာမိမှာ... ဒါပေမယ့် ကျွန်တော် အခု ကိုယ့်စိတ်နဲ့ကိုယ်မဟုတ်ဘူး...ကျွန်တော့်ကို ချုပ်ကိုင်ထားတဲ့အရာတွေက ရှိနေပြီ...ထပ်ပြီး ခေါင်းမာနေလို့မရတော့တဲ့ မလွန်ဆန်နိုင်တော့တဲ့ အရာတွေ...ကျွန်တော် တာဝန် ယူရတော့မယ့် အရာတွေ...အများကြီးရှိလာပြီ...
ŞİMDİ OKUDUĞUN
Love Affair(HH)
Ngẫu nhiênမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...