12:15 AMစောင်ပုံထဲကနေ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ တော်တော်နဲ့အိပ်မပျော်နိုင်!!ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ "အချစ်ဆိုတဲ့" အရာကြီးရဲ့ ထိုးနှက်မှုတွေကြောင့် တစ်ကိုယ်လုံး ပင်ပန်းနုံးချိနေပေမယ့်လည်း မျက်လုံးတွေကမမှိတ်နိုင်!!
မထင်မှတ်ထားဘဲ ph screen လင်းလာပြီး vibrate သံလေး စမြည်လာသည် screen ပေါ်မှာပေါ်နေတဲ့ နာမည်ကို ကြည့်လိုက်တော့ မယုံနိုင်လွန်းလို့ မျက်လုံးကို လက်ညှိုးနဲ့ဖိပွတ်ပြီး နောက်တစ်ခေါက် ထပ်စစ်မိသည်ဆီထိပါပဲ
ဟုတ်သည်ပင်... ဘယ်လိုမှမမှားနိုင် အိမ်မက်မက်နေတာသည်လည်းမဟုတ် "Sehunnie" ဆိုတဲ့ contact name လေးက လင်းနေတဲ့ screenပေါ်မှာ ထင်ပေါ်နေတာရယ် အလျင်အမြန်ပဲ ညာလက်မဖြင့်ဖိဆွဲပြီး ကိုင်လိုက်သည်...
"ဟဲလို~~"
"အခုထိမအိပ်သေးဘဲ ဘာလုပ်နေတာလဲ"
"hmm~ O.O ငါမအိပ်သေးတာ ဘယ်လိုလုပ်သိတာလဲ"
"hk~hk"
သူ့ဆီက ရယ်သံလွင့်လွင့်လေးကိုကြားလိုက်ရသည်က ကျွန်တော်အဖို့တော့ ရင်ဘတ်ထဲကို လေညှင်းလေးအချို့ ရိုက်ခတ်လွန့်လူး သွားသလိုပင် လှိုက်ခနဲ သိမ့်ခနဲ!!
*ရယ်သံလေးတွေနဲ့ကအစ အဲလောက်တောင် ပြုစားခဲ့ပြီလေ*
ရယ်သံလေးအဆုံး သူစကားဆက်ပြောတယ်
"မအိပ်သေးလို့ ဖုန်းပြောနေတာပေါ့ အိပ်နေရင်းနဲ့တော့ ဘယ်သူကစကား ထ ပြီးပြောမှာလဲ haha~"
ဟွန်း...နောက်နေနိုင်သေးတယ် သိပ်ပြီးကျီစားလို့ကောင်းနေသလား ငါ့မှာတော့ ဘာမှန်းမသေချာသေးတာကို ရင်လေးနေရတာ သူကတော့ ပျော်နေနိုင်သေးတယ် ပျော်နေတာလား oh sehun သိပ်ပျော်နေသလား -.-
":-/ :-/ :-/ :-/ ဘာလို့ဒီအချိန်ကြီး ဖုန်းထဆက်တာလဲ"
"........."
"........."
စက္ကန့် မိနစ်လက်တံလေးတွေ မူလနေရာကနေ အနည်းငယ်ရွေ့လျား သွားပြီးသည်ဆီထိ နှစ်ဖက်လုံးက တိတ်ဆိတ်နေတုန်းပင်... ထိုအချိန် ကျွန်တော့်နားထဲကို ဖုန်းလေလှိုင်းထဲကနေ ဆွေးမြည့်စွာတိုးဝှေ့လာသောအသံလေး...
ŞİMDİ OKUDUĞUN
Love Affair(HH)
Разноеမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...