ဖုန်းလက်ခံပြောဆိုပြီးသည့်နောက်မှာ ကျွန်တော် Call end ကိုနှိပ်လိုက်ပြီး စိတ်ပျက်အားလျော့စွာ ဖုန်းချလိုက်သည် ~
အင်းလေ ကျွန်တော် ရှောင်နေလည်း တစ်ခါ နှစ်ခါပေါ့ ဒါပေမယ့် ရှောင်နေလို့လည်းပြီးသွားမယ့်ကိစ္စမှမဟုတ်တာ Sehun အဖေအနေနဲ့ ကိုယ့်သားမှာအဆင့်အတန်းအခြေအနေချင်းနည်းနည်းလေးမှကိုက်ညီမှုမရှိတဲ့ချစ်သူကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတဲ့အဖြစ်ကို ကျောခိုင်းပြီးလျစ်လျူရှုနေလို့မှမရတာ ... ကျွန်တော်က မဖြစ်သင့်တာကို လက်မလွှတ်မှတော့ ကျွန်တော့်ကိုခေါ်တွေ့တယ်ဆိုတာ ဖြစ်သင့်တာပဲလေ ~ Sehun နဲ့ပတ်သတ်တဲ့အနှောင်အဖွဲ့တွေကို ဖြတ်တောက်နိုင်စွမ်းမရှိသေးတဲ့ ကျွန်တော့်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ကြုံရတော့မှာပဲလေ ~ ပြသနာနဲ့မျက်နှာချင်းဆိုင်မိအောင် ကျွန်တော် Sehun ကိုချစ်ခဲ့တာကိုး......
*Vibrate*
ph screen က ထပ်ပြီးလှုပ်ရှားလာပြန်တော့ ကျွန်တော့်လက်ထဲကနေအောက်မချရသေးတဲ့ ဖုန်းကိုယူကြည့်လိုက်တယ် ~ "Sehun" ဆိုတဲ့ နာမည်လေးက ထင်ထင်ရှားရှားကြီးပေါ်နေတယ်လေ ~ အခုချိန်...အခုချိန်မှာ ကျွန်တော် စကားပြောဖို့လည်း အင်အားမရှိတော့ဘူး ယုတ်စွအဆုံး screen ပေါ်လက်မနဲ့ဖိဆွဲပြီး ဖုန်းလက်ခံပြီးပြောပေးဖို့တောင်ဝန်လေးနေတယ် ~ screen ကိုပဲအတိုင်းသားငေးကြည့်နေရင်း ကျွန်တော့်ကိုယ်ထဲက ကလီစာတွေကို ရင်ဘတ်ကြီးကနာကျင်မှုကဝါးမျိုသွားလေပြီလား ထင်ရလောက်အောင် ဟာလာဟင်းလင်းကြီးနဲ့ ခံစားချက်တွေဗလာကျင်းဖြစ်နေပြီး နာကျင်ခြင်းတွေသာ ဆင့်ကဲဆင့်ကဲတိုးပွားလာသည် ~
တစ်မိနစ်ကြာတော့ miss call ဆိုတဲ့စာတန်းလေးပေါ်ကာ ငြိမ်သက်သွားတယ် ~ ထို့နောက် ဆက်ကာ ဆက်ကာ ခေါ်နေတဲ့ call တွေကို လျစ်လျူရှုဖို့ ဖုန်းကိုဘတ်ထရီဖြုတ်ထားလိုက်တယ် ~ ခုတလော ခေါင်းထဲဝင်ဝင်လာတဲ့ အတွေးတစ်ခုကိုသာ Sehun သိခဲ့ရင် သူအပြစ်ပေးတာကို ကျွန်တော် ခံရဦးမှာ... "ငါသာလက်လွှတ်လိုက်ရင်..." ဆိုပြီးပေါ့!
~~~~~~~~~~~~~~~~~~
Americano နှစ်ခွက်ကို ဗန်းပေါ်တင်လိုက်ပြီးနောက် ဆိုင်အဝင်ပေါက်ရဲ့မျက်နှာချင်းဆိုင်ထောင့်က ဝိုင်းမှာထိုင်နေတဲ့ ဧည့်သည်နှစ်ယောက်ဆီသွားချပေးလိုက်ပြီး ပြန်လှည့်ထွက်လာတော့ ခေါင်းထဲမိုက်ကနဲတစ်ချက်ဖြစ်သွားသည် နှစ်နာရီလောက်ပဲအိပ်ရသေးတဲ့ မျက်လုံးတွေကလည်း စပ်ဖျဉ်းကာ မျက်ခွံတွေကိုမှိတ်ထားချင်လောက်အောင် ပင်ပန်းနေပြီး ခေါင်းတွေလည်းလေးပင်နေသည် ~ ကျွန်တော် ခဏ ငြိမ်နေလိုက်ပြီး မျက်စိကိုမှိတ်ခေါင်းကိုအနည်းငယ်လှုပ်ရမ်းလိုက်သည် ~ သိပ်တော့အဆင်မပြေချင်ပေမယ့် ဘာမှလည်းဖြစ်လောက်မှာမဟုတ်လို့ အလုပ်ကိုပဲဆက်လုပ်နေလိုက်သည် ~
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...