~~~~~~~~~Love affair~~~~~~~~~
ကျွန်တော်လည်း အချစ်မှာ ကံခေရသူထဲတစ်ယောက်အပါအဝင် ပါပဲလေ !~ ချစ်မိရင်တော့ လွမ်းရမယ့်ဒုက္ခကိုခံစားရကြမှာပဲ ဒါပေမယ့် အချို့ချစ်သူစုံတွဲတွေရဲ့ လွမ်းတယ်ဆိုတာက ကြည်နူးဖို့ကောင်းချင်ကောင်းနေမှာပါ တစ်ချို့စုံတွဲတွေအတွက်တော့ ရင်ကွဲမတတ် နာကျင်ရတယ် ရင်ဘတ်ထဲက အတွင်းကလီစာတွေလေးပင်လာသလို ပင်ပန်းရတယ် !~ အချစ်ဆိုတာကို လူနှစ်ယောက် တစ်ယောက်နှလုံးသားမှာတစ်ယောက် ရှင်သန်မွေးဖွားလိုက်တာနဲ့တပြိုင်နက် ပူပန်မှုတွေပါတစ်ပါတည်း ကပ်ငြိပါလာခဲ့ပုံပင်...
အကြောင်းအခြင်းအရာ အခြေအနေ ကွဲခြားပေမယ့်လည်း ကျွန်တော် အရင်က ဒီလို ခံစားရခဲ့ဖူးသည် soo Canada ကို ပညာတော်သင်သွားခဲ့တုန်းက... သူမက စာလေ့လာဖို့ဆို တအားလောဘကြီးသည် ကျွန်တော်နဲ့အတူတူသင်ယူခဲ့ပြီးပေမယ့် နောက်တစ်ကြိမ် သူမပညာမစုံလင်သေးလို့ဆိုပြီး ထပ်သွားခဲ့သည် ကျွန်တော်သိတာပေါ့ ကျွန်တော်ပါရင် သူမ သင်ယူရတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော့်ကို ထပ်ပြီးမခေါ်ချင်ခဲ့ဘူး... အဲ့ကိစ္စကြောင့် အချိန်အတော်ကြာ အဆက်အသွယ်ပြတ်ခဲ့သေးသည် အဲ့အချိန်အတော်အတွင်းမှာပဲ ကျွန်တော့်အချစ်တွေကို မြှားဦးလှည့်အောင် လုပ်ပေးနိုင်မယ့် သူ... ကျွန်တော့်ဘဝထဲမှာ Luhanဆိုတဲ့ သူ ပေါ်လာခဲ့သည် Luhan နဲ့ ကျွန်တော့် ဇာတ်လမ်း စကတည်းက ကျွန်တော့်စိတ်တွေက အကုန် Lu အပေါ် ပုံအောထားခဲ့သည်တော့လည်းမဟုတ်ဘူးပေါ့လေ !~ ကျွန်တော့်စိတ်တွေ ဒွိဟဖြစ်နေခဲ့ဆဲပဲ...အဲ့တည်းက ကျွန်တော်ရပ်လိုက်ခဲ့သင့်တာ ရှေ့ဆက်မတိုးခဲ့သင့်တာ Lu ကို ကျွန်တော့်အချစ်တွေနဲ့ ပိုနီးစပ်အောင် ခေါ်မလာခဲ့သင့်တာ...ဟုတ်ပါတယ် Lu ရယ် ... ကိုယ်မှားခဲ့တာပါ...
ကျွန်တော် ဘာတွေဖြစ်နေမှန်း ကျွန်တော် ဘယ်သူ့ကိုချစ်နေမှန်း ဝေဝါးနေခဲ့တဲ့ အချိန်မှာ soo နောက်လိုက်သွားခဲ့သေးသည် သူမဆီရောက်တဲ့ အဲ့နေ့ညကလည်း ဘာတွေဖြစ်ခဲ့မှန်းမသိ !! ကိုယ့်ကိုယ်ကိုယ် ရူးနေပြီလို့တောင်ထင်ခဲ့တာ...
အဲ့ဒီက ပြန်လာပြီးမှသာ Lu ကို ကျွန်တော့်အိမ်ပေါ် ရောက်လာအောင် တောင်းဆိုခဲ့တာ... ကျွန်တော်ကိုက ရူးနှမ်းနေတာပါ... အခု ဆွဲဆန့်လိုက်တဲ့ ကြိုးတစ်စက ဘယ်လောက်တောင်ရှည်လျားနေခဲ့ပြီလဲမသိတော့ပေ ~~ Lu နဲ့ဆက်သွယ်လို့မရတာ ၅ ရက်ရှိပြီ ခုတလော ဖိနပ်ဒီဇိုင်းအသစ်ထုတ်ဖို့အတွက် အလုပ်ထဲလုံးလည်လိုက်နေရတာနဲ့ ကိုယ်တိုင်ကိုယ်ကျ သူ့ကိုသွားတွေ့ဖို့ အခွင့်မသာခဲ့သေး... ၅ ရက်က ၅ နှစ်လောက်ကြာတယ်ဆိုတာ အပေါ်ယံစကားတွေမဟုတ်မှန်း ကိုယ်တိုင် ခံစားနေရလေပြီ စောင့်ရလို့ စိတ်စောရတာ လွမ်းရလို့ ရင်မောရတာတွေက နှလုံးသားနဲ့တောင် မဆံ့ချင်တော့ပေ...
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...