sehunဆီကနေထွက်လာပြီး အိမ်ကိုတောင် မပြန်ဖြစ်သေးဘဲ အလုပ်ကိုသာတန်းလာလိုက်တယ် သွားနေရင်းနဲ့လည်း ဘယ်လိုစကားတွေနဲ့ဆိုင်ရှင်ကို ဆင်ခြင်ပေးရမလဲဆိုတာ စဉ်းစားလာရတာ မျိုးစုံရယ်...
ဆိုင်ရှေ့ရောက်တာနဲ့ တတ်နိုင်သလောက် မျက်နှာငယ်လေးနဲ့ သနားကမားပုံစံဖမ်းလိုက်ကာ တံခါးကိုအသာတွန်းဖွင့်ဝင်လာလိုက်တယ်... ကျွန်တော်ဝင်လာတာကို တွေ့လိုက်တာနဲ့counterမှာထိုင်နေတဲ့ suho သူဌေး ငေါက်ကနဲထလာတယ် သူ ကျွန်တော်အနားရောက်လာတဲ့ဆီထိ ဘယ်လိုဘယ်ပုံ ဆင်ခြေ ဆင်လက် ပေးရမှန်းမသိ!!
"Luhan ဘယ်လိုဖြစ်ရတာလဲ မနေ့ကလည်း ရုတ်တရက်ကြီးပျောက်သွားပြီး အဆက်အသွယ်လည်းမရ... အခုလာတော့လည်း ထမင်းစားချိန်တောင်ရောက်တော့မယ်..."
စိတ်ပူတစ်ဝက် စိတ်ဆိုးတစ်ဝက်လေသံနဲ့ ပြောလေတယ်...ကျွန်တော့်မှာတော့ သူမေးတဲ့မေးခွန်းတွေကို ပြန်ဖြေရှင်းဖို့ရာ မစဉ်းစားတတ်တော့ "ပြောတာသာခံမယ်"ဆိုပြီး ခေါင်းကြီးငုံ့ကာ တောင်းပန်စကားတွေ တတွတ်တွတ်ပြောနေရတာပေါ့ စိတ်ထဲကနေလည်း ဟိုအရှုပ်ထုပ်လေးကို မေတ္တာတွေပို့နေမိတယ် ><
"ငါ့တို့မှာ မင်းတစ်ခုခုများဖြစ်နေလားလို့ပေါ့ ဘာကိစ္စမှမရှိလို့ တော်သေးပေမယ့် ဒီလိုစည်းကမ်းမရှိတာတော့ ငါမကြိုက်ဘူး ဆိုင်မှာက အလုပ်သမားတစ်ယောက်မရှိရင် မရှိသလောက် အလုပ်ကအရမ်းရှုပ်တာ...
နောက်တစ်ခါဆို ပြောပြောဆိုဆိုသွားပါ Luhan!! "
"nae joisoehamithr နောက်တစ်ခါမဖြစ်စေရပါဘူး သူဌေး"
"Oppa..."
ိုဆိုင်တံခါးဖွင့်သံကြားလိုက်ရပြီးနောက်"oppa"ဟုခေါ်ရင်းဝင်လာဟန်ရှိသော အသံပိုင်ရှင်လေးကြောင့် ဆက်ပြီးပြောဖို့ဟန်ပြင်နေတဲ့ သူဌေးလည်း ဆက်မပြောတော့ဘဲ အံ့သြဝမ်းသာသွားတဲ့ မျက်နှာအမူအယာဖြစ်သွားတယ် ဘယ်သူဘယ်ဝါမှန်းမသိသေးခင် စိတ်ထဲက ကြိတ်ပြီးကျေးဇူးတင်မိလိုက်သေးတယ် သူရောက်လာလို့ အပြောထပ်ခံရမယ့်အရေးထဲကနေ လွတ်သွားတယ်လေ huuu~~
သူဌေးကတော့ တော်တော်ပျော်ပြီး ဝမ်းသာနေပုံပဲ ဘာတော်လည်းတော့ မသိပေမယ့် သာမာန်ပတ်သတ်မှုမျိုးတော့မဟုတ်နိုင်...
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...