မျက်ခုံးတွေက လှုပ်လာပေမယ့် ခုထိ မျက်လုံးတွေကို ဖွင့်လိုက်ဖို့ရာ စိတ်က အဆင်သင့်မဖြစ်သေးပုံပင် ! ကျွန်တော် အပြင်ဘက်ဆီကလို့ထင်ရတဲ့စကားသံတစ်ချို့ကိုလည်းကြားနေရတယ်...
နာကျင်မှုတစ်စုံတစ်ရာက တစ်ချက် တစ်ချက် အမှောင်ဘက်ဆီကို ဆွဲခေါ်နေပေမယ့်...ကျွန်တော် အဖြူရောင် အလင်းတန်းလေးတစ်ခုကိုမြင်လိုက်ရသလိုပဲ...လေးပင်နေတဲ့ မျက်ခွံတွေကို အားယူကာ ဖွင့်ကြည့်လိုက်တော့ အဲ့အဖြူရောင်အလင်းတန်းတစ်ခုက စူးကနဲ...ပြီး ကျွန်တော် မနှစ်မြို့ဆုံး ပိုးသတ်ဆေးအနံ့တွေ...
ကုတင်ပေါ်မှာ ကျွန်တော် လှဲလျောင်းနေရမှန်းသိလိုက်မိတော့ ကျွန်တော် ဆေးရုံရောက်နေတာပဲ...
"Sehun...သတိရလာင်္ပြီလား"
အသံလာရာ ဘေးဆီ ကြည့်လိုက်ပြီး...ကျွန်တော် အားမရှိတဲ့ကိုယ်ကို ကုန်းရုန်းကာ ထလိုက်တော့ Kai က မနေသာသလို ဝိုင်းကူကာထိန်းပေးတယ်...
"သက်သာသွားပြီလား"
"အင်း...ဘာမှမဖြစ်ပါဘူး"
":/ ဘာမှမဖြစ်ပေလို့ပဲ ဆေးရုံတောင်ရောက်လာတာ"
"......"
သူ့အပြောကို ကျွန်တော် ပြုံးရယ်မှုနဲ့တောင် မတုံ့ပြန်နိုင်ဘူး...
"မင်း...စကားတွေကို ကြားသွားသေးလား"
"အင်း...တစ်ချို့ကိုတော့ ကြားလိုက်တယ်"
"Soo တောင် မင်းနိုးလာတဲ့အထိ မနေရဲလို့ဆိုပြီး ခုနလေးကမှ ပြန်သွားတယ်..."
"ဟင်း...လူတွေကို ယုံစားမိတာ ငါ့အမှားပါပဲ"
"သူ့အနေနဲ့လည်း မတတ်သာခဲ့လို့လိမ်ခဲ့ရတာပါ...သူလည်း မိန်းကလေးပဲ...ကိုယ့်ချစ်သူကိုတော့ တခြားသူတစ်ယောက်ဆီ ဘယ်အပါခံချင်ပါ့မလဲ..."
"ငါအစတည်းက soo ကို နားလည်ခဲ့တယ်...အ့ကြောင့်မို့လည်း သူ့အလိမ်အညာအတွက်နဲ့...ငါ Lu ကို စွန့်လွှတ်ခဲ့ရတယ်...ခုချိန်မှတော့ ဘယ်သူ့အမှားပါလို့ လက်ညှိုးထိုးမနေချင်တော့ပါဘူး...ငါ့အတွက်နဲ့ Lu အရမ်းခံစားခဲ့ရတာ...ရုတ်တရက် သစ္စာဖောက်ခံလိုက်ရတာကြောင့် အရမ်းထိတ်လန့်သွားခဲ့မှာ...ငါ့ရဲ့စွန့်ခွာမှုကြောင့် ငါနဲ့အဝေးဆုံးမှာနေဖို့...သူခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာ...ငါ အဲ့တာတွေကို ရင်အနာဆုံးပဲ...တကယ်တမ်း အပြစ်အရှိဆုံးသူက... ငါပါ..."
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...