"တီ !!!!!!!!"
ကစဥ့်ကလျား ဗရုတ်သုတ်ခ ဖြစ်နေတဲ့ စိတ်တွေကို ပုံချပြီး ဟွန်းတွေသာ စွတ်စပ်တီးနေမိတယ် ... လိုအပ်တဲ့အချိန်မှ မိလိုက်တဲ့မီးပွိုင့်တွေ...
ကျွန်တော် ရူးတော့မယ် ... ရူးချင်နေပြီ ... အရှိန်ကောင်းကောင်းနဲ့ ပူလောင်နေတဲ့ ရင်ထဲက မီးလျံတွေက ဦးနှောက်တစ်ခုလုံးကို အရည်ဖျော်ပစ်နေတယ်...လမ်းတစ်လျှောက်လုံး ထပ်ခါတလဲလဲ အပူပန်ဆုံးအရာက ...
ကျွန်တော် မရောက်သေးခင် သူ ထွက်သွားလို့မဖြစ်ဘူး ...
နောက်ဆုံး တစ်ခေါက်ပဲဖြစ်ရ ဖြစ်ရ မျက်နှာချင်းဆိုင်လေးတော့ နှုတ်ဆက်ခွင့်လေးပေးကြပါ...
မီးစိမ်းတာ တွေ့တွေ့ချင်းပဲ ကားကို အရှိန်အမြင့်ဆုံး မောင်းထွက်လိုက်တယ် ... ခုချိန်မှာ လူတိုက်မိမယ်ဆိုရင်တောင် ကျွန်တော် ရှောင်မနေတော့ဘူး ...
သူ့ကို လွှတ်လိုက်ရတော့မှာ ... ကျွန်တော်နဲ့ အဝေးဆုံးတစ်နေရာကို ... ကျွန်တော် မသိတဲ့ မျက်ကွယ်ရာ နေရာတစ်နေရာကို... မရင်းနှီးတဲ့လူစိမ်းတွေနဲ့...ပတ်ဝန်းကျင်ကြားကို...
အာ့...အတွေးတွေ ပျံ့လွင့်ချိန်တိုင်း ကျွန်တော့် ရင်ဘတ်ကိုဆွဲစုတ်နေသလိုပဲ ... လည်ပင်းနေရာက တင်းကြပ်မှုတွေကြောင့် အသက်ရှူရတာတောင် ခက်ခဲလာတယ်...
မြန်မြန်ရောက်ပါတော့ ...
ကားပြိုင်ပွဲဝင်ရတော့မယ့် အစမ်းလေ့ကျင့်နေတဲ့ သူလို အရှိန်ကို မနားတမ်း မရပ်တမ်း ... အက်ဆီးဒင့် ဖြစ်ပြီး သေရမယ်ဆိုရင်တောင် ကျွန်တော့် ဝိဥာဉ်က သူနဲ့လိုက်နေဦးမှာ ...
Lu ah... ကျေးဇူးပြုပြီး ကိုယ့်ကို စောင့်ပါဦးနော် ...
ခပ်လှမ်းလှမ်းလောက်ကနေ လှမ်းမြင်နေတဲ့ IC Airport ... ကျွန်တော့်စိတ်တွေ ပိုပြီးယောက်ယက်ခတ်လာတယ် ... ထွက်သွားပြီလား...သူ သွားပြီလား ကျွန်တော်နဲ့အဝေးဆုံးကို ...
ကျွန်တော့်ပူပန်မှုတွေက မျက်မြင်တွေ့လို့ရတဲ့ အရာဆို အခုချိန်လောက်ဆို တစ်ကိုယ်လုံး ဟုန်းဟုန်းကိုတောက်နေလောက်ပါပြီ...
ŞİMDİ OKUDUĞUN
Love Affair(HH)
Randomမင်းကသာ ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါက အဲ့လမင်းကို ညတိုင်းမြင်နိုင်အောင် မြေပြင်ပေါ်ကနေ စောင့်ကြည့်ချင်ခဲ့တဲ့သူတစ်ယောက်ပါ အကွာအဝေးတိုင်းမှာ အတိုင်းအတာဆိုတာရှိပေမယ့် လူနှစ်ယောက်ကြားက ကွာခြားချက်မှာတော့ တစ်ခါတ...