Epi - 1 (Uni)

5.2K 130 0
                                    

သစ်ရွက်နဲ့ ခေါင်မိုးတွေအပေါ် နှင်းရေတွေ တဖောက်ဖောက်ကျနေတဲ့ သံစဉ်ဟာ မနက်ခင်း အိပ်ယာထပျင်းသူတွေအဖို့တော့ အလွန်ကိုမှ သာယာတဲ့ တေးသံတစ်ခုလိုပါပဲ။

သို့ပေမဲ့လည်း ကျောင်းတက်ဖို့က ရှိသေးသည်။

ခပ်မြန်မြန်ပဲ ရေနွေးနဲ့စိမ်ချိုးပြီး ကျောင်းသွားရာလမ်းကို အပြေးလေးထွက်ခဲ့မိတယ်။

ပလက်ဖောင်းပေါ်မှာ အဖြူအစိမ်း လက်ရှည်လေးနဲ့ အနွေးထည် မဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်။

ထိုကောင်မလေးရဲ့ အမည်နာမက နေခြည်နွေး ဟု တွင်သည်။

နွေးထွေးစွာနဲ့ပဲ အေးစက်တဲ့ နှလုံးသားပိုင်ရှင်လို့ပင် ပြောရမလား မသိတဲ့ ပုံစံတစ်ခုကို ပိုင်ဆိုင်ထားသူပင်။

အချို့က သူမကို အစွန်းရောက်တယ်လို့ ထင်ကြတယ်။ အချို့က သူမကို အတွေးလွန်တယ်လို့ ထင်ကြတယ်။ အချို့ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားလို့ဆိုပြီး အထင်သေးကြတယ်။

ဘယ်သူကများတော့ ခံစားချက်နဲ့ နှလုံးသားတွေကို လှလှပပ ဆော့ကစားချင်မှာလဲလေ။ သူကိုယ်တိုင်ကိုယ်က နာကျင်ခဲ့ရတာ မဟုတ်လား။

နူးညံ့တဲ့ ခံစားချက်တွေကို မထိုက်တန်သူကို ပေးခဲ့မိရင်တော့ဖြင့် ခပ်ဆိုးဆိုး မိန်းကလေးတစ်ယောက် ဖြစ်စေလေရဲ့။

*   *   *

အထဲကို မမြင်နိုင်အောင် နက်မှောင်နေတဲ့ ကားမှန် အမည်းရဲ့ အတွင်းမှာတော့ လက်ချောင်း ရှည်သွယ်သွယ်တွေဟာ ပြတင်းပေါက်ကို တတောက်တောက် မြည်အောင် ခေါက်နေလျက်ရှိသည်။

ထိုလက်ချောင်းများရဲ့ ပိုင်ရှင်သည် ခပ်တည်တည် မျက်နှာထားနဲ့ ကောင်လေးတစ်ယောက်။ မဟုတ်ဘူး။ ကောင်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ကောင်ကလေးတစ်ယောက်သာ ဖြစ်သည်။

ထိုကောင်ကလေးရဲ့ နာမည်က သံစဉ်လင်းလို့ ခေါ်ပြီး သူ့ဘဝကတော့ နွေးထွေးတဲ့ သံစဉ်တစ်ပုဒ်လို မနူးညံ့ခဲ့ပါချေ။ သို့သော် ... ခပ်ကြမ်းကြမ်း သံစဉ်တစ်ပုဒ်နှင့် ထပ်တူကျသော ဘဝမျိုးကို ပိုင်ဆိုင်ထားလေသည်။

No More Pain, Please (Season-1) {Completed}Where stories live. Discover now