Epi - 8 (Uni)

957 61 2
                                    

"ဒေါက် ... ဒေါက်"

"သမီးနဲ့ သားရေ။ ထတော့လေကွယ်"

တံခါးကို ခေါက်ပြီး အော်နှိုးလိုက်တဲ့ မေမေ့အသံကြောင့် လင်းနဲ့ နွေး နိုးလာခဲ့ကြသည်။

လင်းမှာတော့ ညက နွေး ပြောသွားတာကို ပြန်တွေးမိတိုင်း အူမြူးနေရပြန်သည်။

"ကိုကို့ ရင်ခွင်ထဲမှာ အိပ်ရတာကို တကယ် သဘောကျတယ်"

လင်း ပျော်လွန်း၍ ရင်ခွင်ထဲက ခန္ဓာကိုယ်လေးကို လွတ်ထွက်သွားမှာ စိုးသည့်အလား အားနဲ့ ဖက်ထားလိုက်မိသည်။

"ကိုကို့ ပေါက်စလေး။ ထတော့လေ"

"ခဏလေး။ မှေးချင်သေးတယ်"

"မိုးသက်တို့က ရှစ်နာရီ လာမှာလေ ပေါက်စရဲ့။ ထပါ။ ခုနစ်နာရီတောင် ရှိနေပြီ"

"အွန်းပါ။ ထမယ် ထမယ်။ ကိုကို ရေအရင်ချိုးလိုက်လေ။ ပြီးမှ နှိုးလိုက်။ အိပ်ချင်သေးလို့ပါ ... နော်"

"အဲ့ခါကျရင်တော့ သေချာပေါက် ထရမယ်နော်"

"ဟုတ်"

ပါးစပ်ကသာ 'ဟုတ်' ပြောပြီး မျက်စိက မဖွင့်နိုင်တဲ့ ဒီကောင်မလေးကို လင်း ချစ်တယ် ဆိုတာထက် ပိုပြီး မြတ်နိုးမိတာ အမှန်ပါ။

လင်း ရေချိုးပြီးလို့ ပြန်ထွက်လာတော့ အကောင်ပေါက်က နှစ်နှစ်ခြိုက်ခြိုက်ပင် ပြန်အိပ်ပျော်နေလေပြီ။

"အိပ်ပုတ်ရေ။ ထတော့ကွာ"

စောင်ကို ခေါင်းအထိ လုံအောင် အတင်း ဆွဲဖုံးနေတဲ့ ပေါက်စလေးရဲ့ နှုတ်ခမ်းကို ကျွန်တော် ဖိနမ်းလိုက်တော့သည်။

ချိုတယ်။ ဒီနှုတ်ခမ်းလေးတွေကို ဘယ်အချိန် နမ်း,နမ်း ချိုမြိန်တဲ့ ခံစားချက်ကို ကျွန်တော် အမြဲရတယ်။

"ထပြီ ကိုကိုရာ။ မနမ်းနဲ့တော့"

ကျွန်တော့်ကို အတင်းတွန်းဖယ်ပြီး မျက်လုံးကို လက်နဲ့ အတင်းပွတ်နေတဲ့ ကလေးလေးရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့ ညှစ်ပြီး စူထွက်လာတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ထပ်ပြီး ဖိကပ်နမ်းပစ်လိုက်တော့သည်။

No More Pain, Please (Season-1) {Completed}Où les histoires vivent. Découvrez maintenant