Epi - 20 (Uni)

1.4K 72 1
                                    

ဖြစ်နိုင်ရင် ရန်ကုန်ကို အခုချက်ချင်းပင် ပြန်ရောက်ချင်လှပြီ။ သူမ အမေ ဆေးရုံတက်နေရတယ် ဆိုတာကြောင့် စိတ်ပူတာရယ်၊ သူမ ပါးစပ်က ထွက်ကျလာမဲ့ စစ်မှန်တဲ့ 'ချစ်တယ်' ဆိုတဲ့ စကားကို ကြားချင်နေတာကြောင့်ရယ်ပါ။

"ညလောက်ဆိုရင်တော့ ပြန်ရောက်မှာပါ"

လက်ဆစ်တွေ တဖြောက်ဖြောက် ချိုးလိုက်၊ ပြတင်းကို ငေးလိုက်၊ ဖုန်းကို ထုတ်ကြည့်လိုက် လုပ်နေတဲ့ လင်းရဲ့ အတွေးတွေကို မိုးသက်က သိနေသည့်အလား အားပေးစကားပြောလာတယ်။

"မင်း သူ့ကို တကယ်ချစ်နေသေးတာလား"

"အင်းပေါ့ကွ။ သူပေးတဲ့ ဒဏ်ရာတွေကို လက်မခံနိုင်တော့လို့သာ ထွက်လာခဲ့ရတာ။ ဒါတောင် ငါရှုံးနေတုန်းပဲ၊ နွေးကတော့ ငါ အနိုင်ပိုင်းသွားတယ် ထင်မှာ"

"အစကတော့ သူလည်း အဲ့လိုပြောခဲ့တာပဲကွ။ ဒါပေမဲ့ သူသိပါတယ်။ သူ့ နောင်တကို"

"ငါလေ ... သူ အမှန်တိုင်း ပြောတဲ့ 'ချစ်တယ်' ဆိုတဲ့ စကားရယ်၊ အရွယ်ရောက်လာတဲ့ သူ့မျက်နှာလေးရယ်ကို မြင်ချင်လှပြီ"

"ငါက မင်း အကောင့်တုတွေနဲ့ ပြန်ခိုးကြည့်မယ် ထင်တာ"

"မဟုတ်ရပါဘူးကွာ။ အကောင့်သစ်တွေ ဖွင့်ပြီး ခြေရာဖျောက်နေခဲ့တာ။ သူ့ပုံတွေကို မြင်ရင် သတိရနေမှာ စိုးလို့"

"မင်းဟာကလည်း ..."

မိုးသက်က စိတ်ရှုပ်တဲ့ လေသံနဲ့ တစ်ချက်ပြောကာ ကားက ပေးတဲ့ ရေဘူးကို တဂွက်ဂွက်နဲ့ မော့ချနေသည်။

"အင်းကွာ။ ငါ သူ့ကို ရှောင်နေခဲ့ပေမဲ့ ငါ့ဖုန်းက သူ့ Gallery လေ"

"အဟင်း ... ပုံဟောင်းလေးတွေနဲ့ ဆွေးနေတယ်ပေါ့။ ဒါနဲ့ မင်းက ဘာလို့ သူ့ကို ဖုန်းမဆက်ခိုင်းတာလဲ ? မင်း ပြန်လာပြီ ဆိုတာသာ သိရင် သူအရမ်းပျော်သွားမှာ။ ပြီးတော့ သူ အားတက်သွားမှာ"

"ဟင့်အင်း ... သူ ငါ့ကို မြင်ရင် အရမ်းအံ့ဩသွားပြီး ပြေးဖက်တာ ခံချင်တာ"

"သူက ပြေးမဖက်ပဲ လာရိုက်ရင်ကော ? သူ့ကို ထားခဲ့လို့ဆိုပြီး။ မယုံမရှိနဲ့နော်။ နွေးက ‌လက်သံပြောင်လာတယ်"

No More Pain, Please (Season-1) {Completed}Tahanan ng mga kuwento. Tumuklas ngayon