Epi - 11 (Zawgyi)

309 7 0
                                    

"လင်း ! "

"ပြော ..."

စာကို လိုက်မရေးပဲ လက်က နာရီကိုပဲ တစိမ့်စိမ့် ထိုင်ကြည့်နေတဲ့ လင်းကို နောက်ကနေ ကုတ်ချောင်းချောင်းနဲ့ လာခေါ်တဲ့ မိုးသက်ကို အပျော်ဖျက်တဲ့ ကောင်လို့ မှတ်ပြီး ရှုတည်တည် ကြည့်လိုက်တော့ သွားဖြဲပြလာသည်။

"မင်းတို့က အပြန်အလှန် လက်ဆောင် ပေးနေကြတာဆိုတော့ ဒီနေ့က ဘာနေ့မလို့လဲ"

"ဪ ? ငါတို့ တွဲတာ တစ်လပြည့်ပြီလေ"

"ဟုတ်လား ! "

"အေးလေ"

"နွေးကို သေချာဂရုစိုက်ပြီး ထိန်းနော်"

လင်းက မိုးသက် ပြောချင်တာကို သဘောပေါက်သွားဟန်နဲ့ ခေါင်းကို တစ်ချက်ခါလိုက်ပြီး ခပ်တိုးတိုး ရယ်သည်။

"ငါ သိပါတယ်ကွာ။ သူ ငါ့ကို တကယ် မလိုအပ်တော့မဲ့ အချိန်ထိ ငါ အမှတ်သည်းခြေ မရှိပဲ ဆက်ပြီး တွယ်ကပ်နေဦးမှာ"

"နောက်တစ်ယောက်နဲ့ တွဲနေပြီးမှ မင်းနဲ့ Silent ပြန်တွဲမယ် ဆိုရင်ကော ? "

မိုးသက်က ရွဲ့သလို၊ ခနဲ့သလို မေးလာတာကြောင့် လင်းကလည်း တစ်ကွက်ပြန်ပြမှ ဖြစ်မယ်လို့ တွေးလိုက်ပုံရသည်။

"မင်းတောင် သူက လက်ရှိမှာ ငါ့အပိုင်မှန်း သိလျက်နဲ့ ချစ်နေတာမလား ? တကယ်လို့ သူ အဲ့လိုပြန်လာချင်တယ် ဆိုရင်လည်း ငါက Welcome ပဲ။ မင်းတောင် Silent ဖြစ်ခွင့်မရဘူးမလား။ ဟက် ! "

လင်းရဲ့ ချေပစကားကြောင့် မိုးသက်က ခြောက်ကပ်ကပ် ရယ်ပြီး ဆံပင်ကို တစ်ချက် ဖွလိုက်ကာ ...

"အချစ်ဆိုတာ ငါ့အတွက် ဝဋ်ကြွေးသာသာပါ"

လင်းက နားမလည်သလို ပြန်ကြည့်ရင်း ...

"အဲ့ဒါဆို ငါကကော ? သူ့ကို ဆက်ချစ်နေရင် နာကျင်ရမယ်ဆိုတာ သိသိကြီးနဲ့ ဆက်ပြီး ဆုပ်ကိုင်ထားချင်နေမိတာလေ"

"အဟက် ! "

မိုးသက်က နောက်တစ်ကြိမ် ထပ်ပြီး လှောင်ရယ် ရယ်သည်။

"မင်းကမှ သူ့ရဲ့ 'ချစ်တယ်' ဆိုတဲ့ စကားကို ကြားဖူးသလို၊ ဆွဲထားခွင့် ရှိနေသေးတယ်‌လေကွာ"

No More Pain, Please (Season-1) {Completed}Where stories live. Discover now