Epi - 9 (Uni)

943 63 1
                                    

Flashback start ~

နွေးတို့ ခြောက်တန်းနှစ်က ဖြစ်သည်။

"ဟဲ့ ! ဒီနှစ် ငါ A ခန်း ရပြီနော် နွေး"

အရင်နှစ် စာမေးပွဲမှာ အမှတ်ကောင်းလို့ A ခန်းကို ရောက်လာပြီဖြစ်တဲ့ ခွန်းက နွေး ဘေးနားကို ဝင်ထိုင်ရင်း ဂုဏ်ယူစွာ ရင်ဘတ်ကို ပုတ်ပြ၍ ပြောလာသည်မလို့ နွေး သဘောကျ ရယ်လိုက်မိသည်။

"အင်း။ ငါ့သူငယ်ချင်းလေးက အရမ်းတော်တာပဲ ဆုချရမှာပေါ့။ ရော့"

"အမ် ? ဘာကြီးလဲ"

​နွေးပေးတဲ့ အထုပ်လေးကို ကိုင်ရင်း ကြောင်တောင်တောင်နဲ့ ပြန်မေးလာတဲ့ နွေးရဲ့ သူငယ်ချင်းလေးက ဆံပင်ဂုတ်ဝဲ၊ အသားခပ်လတ်လတ်၊ မျက်တောင် စင်းစင်းလေးနဲ့ နှာတံလုံးလုံးလေးရယ်၊ နှုတ်ခမ်းလေးကလည်း ခပ်ထူထူလေးနဲ့ ကိုယ်လုံးသွယ်သွယ်၊ အရပ်ရှည်ရှည်နဲ့လို့ တကယ်ကို လှပါသည်။

"ဖွင့်ကြည့်လေဟယ်"

"ဝိုး ! နင် လုပ်ထားတာလား ? "

အထဲမှာ ရှိနေတဲ့ Crochet ထိုးထားတဲ့ Top လေးနဲ့ အိတ်ကလေးကို ခွန်းက တအံ့တဩ ကိုင်ကြည့်ရင်း ဝမ်းသာအားရ မေးလာသည်။

"အေး ဟုတ်တယ်ဟ။ ငါ လုပ်ထားတာ။ ငါ့ အသိအစ်မ တစ်ယောက်ဆီက သင်ထားတာလေ။ ‌‌ဒါက ငါကိုယ်တိုင် လုပ်ထားပြီး သူများကို ပေးဖူးတဲ့ ပထမဆုံး လက်ဆောင်ပဲ။ တခြားသူ သွားပေးရင် မလှတာကို အားနာပြီး လှတယ် ပြောမှာ စိုးလို့။ ဟီး"

"အဲ့တော့ မကောင်း ခွန်းမြတ်ချယ်ဆီ ပို့လိုက်တာပေါ့လေ"

"အာ ... အဲ့လို မဟုတ်ပါဘူး။ နင်ကလည်း ကောင်းပါတယ်ဟ။ ဆုလည်း ချရသေးတယ်။ ခွန်းစုတ်နော်။ လှရဲ့လား"

ပြောပြောဆိုဆိုနဲ့ လျှာထုတ်ပြနေတဲ့ နွေးကို ခွန်း တကယ် ခင်မိတာ အမှန်။

"လှတယ်ဟ။ ဒီနားလေးတွေဆို ထိုးထားတာ လုံးဝ သေသပ်တယ်"

တစ်ကိုယ်လုံးစာအတွက် ထိုးပေးထားတာမလို့ တစ်ခါတည်း ပါနေတဲ့ ကလစ်လေးတွေနဲ့ လက်ပတ်လေးတွေကို ခွန်းက အသေအချာ ကိုင်ပြရင်း Honest review ပေးလာသည်မလို့ နွေး ဝမ်းသာသွားရသည်။

No More Pain, Please (Season-1) {Completed}Hikayelerin yaşadığı yer. Şimdi keşfedin