Epi - 12 (Uni)

899 60 3
                                    

"ကတောင် ... ကတောင်"

Messenger က Noti တွေ အဆက်မပြတ် တက်နေတာမလို့ နွေး လန့်ပြီး ဖုန်းကို Silent လုပ်ပစ်လိုက်သည်။

"ဒီ ... ဒီ"

"ဟမ် ? ဘယ်သူတွေလဲဟ"

လင်းနဲ့ ပြောနေတုန်း နောက်ထပ် Noti တက်လာလို့ ကြည့်လိုက်တော့ ယောကျ်ားလေးတစ်ယောက် ဖြစ်နေသည်။

View Profile ကို နှိပ်လိုက်တဲ့ အခါမှာတော့ မျက်နှာချောချောကို ဦးစွာ တွေ့လိုက်ရသည်။

အသားခပ်လတ်လတ်၊ မျက်ခုံးပါးပါး၊ နှာတံ ဖြောင့်ဖြောင့်နဲ့ လင်းလို သေသပ်တဲ့ နှုတ်ခမ်းပိုင်ရှင် ဖြစ်သည်။ မတူတာကတော့ သူက ယောင်္ကျားလေးမလို့ လည်ဇလုပ်နဲ့ ပိုပြီး ထင်ရှားတဲ့ Smile Line ခပ်ထင်းထင်းတွေ ရှိသည်။

နွေးနဲ့ ရွယ်တူလောက်ပဲ ဖြစ်မည် ထင်သည်။

လည်ကတုံး လက်ရှည် အဖြူ၊ ပုဆိုး နီညိုရောင် အကွက်စိပ်လေးနဲ့ ရွှေတိဂုံ ဘုရားမှာ လှူဖို့ ပန်းကို ကိုင်ပြီး ရယ်နေတဲ့ ခါးတစ်ဝက်လောက်ပါတဲ့ Profile Picture ကို နွေး အသေအချာ ကြည့်နေမိသည်။

သေချာကြည့်လိုက်တော့ Profile ပြောင်းထားတာက 8 hours ago ဆိုတော့ ဒီနေ့မှ သွားတာ ဖြစ်မယ်လို့ နွေး တွေးလိုက်မိပြန်သည်။

Seen ပြထားပြီး ဖြစ်တာမလို့ နွေးလည်း အားနာနာနဲ့ Reply ပြန်ပေးလိုက်သည်။

သူက အခြားသူတွေလို နွေးရဲ့ အကြောင်းတွေကို စပ်စုတာထက် ပေါ့ပေါ့ပါးပါး စကားတွေ ပြောရင်း သူ့အကြောင်းတွေကို ညှပ်ပြီး ပြောပြသွားတာ ဖြစ်သည်မလို့ သူ့ကို စကားပြောလို့ အဆင်ပြေတဲ့ သူတစ်ယောက်လို့ နွေး မှတ်လိုက်သည်။

စစ်မှူးခန့်ဆိုတဲ့ သူ့နာမည်ကို လူတိုင်းက 'ခန့်' လို့ပဲ အဖျားစွတ် ခေါ်ကြပေမယ့် နွေးကတော့ 'စစ်' လို့ သုံးလိုက်တာမလို့ သူက သဘောတွေ ကျနေသေးသည်။

နွေးကလည်း သူများတွေနဲ့ တန်းတူ မဖြစ်ချင်ဘူးလေ။ တစ်ခုခုတော့ ထူးလိုက်ရမှ။

နွေးကလည်း ကိုယ့်အကြောင်းတွေ အနည်းအကျဉ်း ပြန်ပြောပြခဲ့ပေမယ့် လင်းအကြောင်းတွေတော့ မပါခဲ့ပေ။

No More Pain, Please (Season-1) {Completed}Where stories live. Discover now