Finally ... ♡

2.1K 56 3
                                    

နောက်ဆုံးတော့ ပြီးသွားခဲ့ပါပြီ။ အခု NMP က စာတွေ အများကြီး ပြန်ပြင်ပြီး ရေးထားသလို၊ ခံစားချက်တွေနဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံတွေကိုလည်း အရင်ထက် ပိုပြီးသရုပ်ပေါ်အောင်‌ ကြိုးစား ရေးထားတယ်ပေါ့နော်။

I know this isn't enough but I tried my best !

ပြန် Un ပစ်လိုက်တဲ့ ပထမ NMP နဲ့ ဇာတ်အိမ်ကော၊ ဇာတ်လမ်း ပုံစံကော တူပါတယ်။ ဒါပေမဲ့ စာတွေတော့ ပိုရှည်ပြီး အပိုင်းတိုသွားတယ်။ ဒါကလည်း သုံးပိုင်းလောက်ပါ။ ဒါပေမဲ့ စာက အကုန်လုံးအပြင်၊ ထပ်ပါ ဖြည့်ထားတာနော်။

NMP က ပထမဆုံး စရေးခဲ့တဲ့ Based on true story ဆိုတော့ စာရေးတာနဲ့ ပတ်သက်လို့ ကိုယ် ဘာမှ နားမလည်ခဲ့ဘူးဗျ။ Un ထားတဲ့ NMP မှာဆို Emoji တွေတောင် သုံးထားမိတာ (ပြောရတာလည်း ရှက်ပါတယ်။ ဒါပေမဲ့ တကယ်ကြီး လုပ်ခဲ့တာ 😆)

‌ဒီအပိုင်းကို တင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီ Fic နဲ့ ပတ်သက်တဲ့ အမြင်ကို မေးချင်တာရယ်၊ စာအရှည်ကြီး ရေးထားတာမလို့ ဖတ်စေချင်လို့ပါ :3

ပထမဆုံး အနေနဲ့ ဒီကနေ ပေးချင်တဲ့ မက်ဆေ့ကတော့ ကိုယ့်ကိုယ်ကို သေချာ ပြန်ဆန်းစစ်ကြည့်ပါ။ နွေးလို အချိန်မလွန်စေချင်လို့ပေါ့ကွယ်။ စိတ်ကုန်သွားတယ် ပြောပြီး နောက်ဆုံးမှာ လင်းလို ပြန်လာပေးမဲ့ သူက အပြင်လောကမှာ ရှိဖို့ ရှားတယ် ထင်လို့ပါ ')

နောင်ပြီး ကိုယ်ထင်တာ မမှားရင် အပိုင်း ၁၂ လောက်မှာ ဝုန်း ... ဒိုင်း ဆိုပြီး စပရိုက်တွေ တိုက်ချလိုက်တာလေ။ ဘာမဟုတ်တာလေးနဲ့ နွေးနဲ့ ခွန်း အချင်းချင်း ရန်တွေ ဖြစ်ပြီး ပြောဆိုခဲ့မိကြတာ။

အဲ့တာကို အပိုတွေ လုပ်တယ်လို့ မြင်သွားလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ကိုယ်ရေးတဲ့ ဒီ Fic ထဲက ဇာတ်ကောင်တွေက ၁၄/ ၁၅/ ၁၆ အရွယ်တွေပါ။ အရွယ်တစ်ခုကို အခုမှ စပြီး ရောက်ကြတဲ့ အရွယ်တွေပါ။ ပြောရမယ်ဆိုရင် ပျိုဖော်ဝင်တဲ့ (ဟော်မုန်းတွေ စပြီး ပြောင်းလဲတဲ့) အရွယ်ပေါ့။

ဒါကိုမှ အဲ့အရွယ်မှာ သူတို့က ခံစားချက်ကို အရမ်း ဦးစားပေးမိသွားပြီး စိတ်ကို မထိန်းသိမ်းနိုင်တာကြောင့် အခုလို ပြောဆိုမိခဲ့ကြတာပေါ့နော်။

No More Pain, Please (Season-1) {Completed}Donde viven las historias. Descúbrelo ahora