Epi - 22 (Uni) {Final}

1.8K 66 2
                                    

အိမ်ပြန်ရောက်တော့ ညဆယ်နာရီခန့်ပင် ရှိနေပြီ။
မေမေ နိုးမှာစိုးလို့ အိမ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ ငှားထားတဲ့ ခြံစောင့်ကိုသာ ဖုန်းဆက်ပြီး တံခါးဖွင့်ခိုင်းပေမဲ့ မေမေက သူ့သားနဲ့ သမီးကို စောင့်နေလေသည်။

"စိတ်ပူစေမိလို့ ထပ်ပြီး တောင်းပန်ပါတယ် မေမေ"

"ရပါတယ်။ ကားလေး၊ ဘာလေး ပတ်မောင်းကြမှာပေါ့။ ဟုတ်တယ်မလား"

"ဟုတ်"

"ဪ ... နေခြည်နွေး။ အိမ်ပြန်ရောက်တာတောင် မသိပဲ အိပ်ပျော်နေတယ်။ ထတော့ သမီးရယ်။ ကလေးလည်း မဟုတ်ဘူး"

"အာ ... မေမေ။ ရှူး ! "

"ဟေ ? "

"ရတယ် မေမေ။ သွားအိပ်လိုက်တော့။ ပင်ပန်းနေမှာပေါ့။ သား ခေါ်ခဲ့ပါ့မယ်"

"အေး အေး"

မေမေ ထွက်သွားတော့မှ အိပ်ပျော်နေတဲ့ အကောင်ပေါက်ရဲ့ ပါးကို လက်ညှိုးနဲ့ ထိုးလိုက်တော့ သိပ်ပြီး မဖောင်းနေတဲ့ ပါးလေးက အိခနဲ။

ထမီနဲ့ဆိုတော့ ကုန်းပိုးလို့ မရတာကြောင့် ဒူးကနေ လျှိုကာ ပွေ့ပြီး ချီလာခဲ့သည်။

ဒေါ်မေန္ဒာနွေးကတော့ မြင်ဖြစ်အောင် မြင်လိုက်ပြန်ပါသည်။ ဘာတတ်နိုင်မှာလဲ။ ပြုံး၍ သက်ပြင်းချယုံပေါ့။

မိုးသက်တို့တောင် နောက်အပတ်ထဲမှာ လက်ထပ်တော့မယ်ဆိုတော့ လင်းတို့လည်း မကြာခင်မှာ လက်ထပ်ရမည်။ ကိုယ်ပိုင် အလုပ်အကိုင်လည်း ရှိပြီး တင့်တောင်းတင့်တယ် ထားနိုင်တာမလို့ ဘာကိုမှ တွေဝေနေစရာ မလို။

ငယ်သေးပေမဲ့လည်း အများကြီး ဖြတ်ကျော်ခဲ့ပြီးပြီမလား။

အိပ်ပုတ်နေတဲ့ အကောင်ပေါက်ကို အဝတ်အစား လဲပေးပြီး ကိုယ်တိုင်လည်း အဝတ်အစားလဲကာ ဖက်အိပ်ဖို့ ပြင်တော့ သူက ဦးအောင် ခွလာသည်။

အရင်ထက် ပိုပြီး ဖွံ့ဖြိုးလာတဲ့ အချို့သော နေရာလေးတွေကို အဝတ်လဲပေးရင်း မြင်လိုက်ရပေမဲ့ အကြည့်လွှဲပြီးတော့သာ အမြန်လဲပေးလိုက်သည်။ နွေး ဆန္ဒ မပါပဲ ဘာကို မရယူချင်တော့တာမလို့။

No More Pain, Please (Season-1) {Completed}Donde viven las historias. Descúbrelo ahora