Epi - 10 (Uni)

1K 63 1
                                    

မိုးလင်းစ ပြုတဲ့ အချိန်မှာ ပုဂံမြို့ထဲကိုပင် ဝင်လာပြီ ဖြစ်သည်။ ဦးမိုးသူရဲ့ ကားမောင်းစကေးနဲ့ လမ်းပိုင်နိုင်မှုကို ချီးကျူးရမည်။

"ကဲ ... အခု ဘယ်ကို အရင်ဝင်ချင်လဲ"

"အမ် ? ကျွန်တော် မသိဘူးလေ။ ကျွန်တော်မှ မရောက်ဖူးတာ"

"ဟား ... ဟုတ်ပါပြီကွာ။ ဦး အဆင်ပြေတဲ့ နေရာတွေ အရင်ပို့ပေးမယ်။ နှစ်ရက်ထဲ ဆိုတော့လေ"

"အဟင်း ရပါတယ်ဗျာ။ မနက်စာ စားပြီးရင် သွားကြမယ်လေ"

"အိုကေ။ အိုကေ"

လင်းကတော့ မြန်မာပြည်ကို နှံ့စပ်အောင် မရောက်ဖူးသလို၊ ဒီနယ်မြေကို အခုမှ ရောက်ဖူးသူမလို့ အကုန်လုံးဟာ သူ့အတွက် အသစ်အဆန်းလို ဖြစ်နေခဲ့သည်။

အခု သွားမှာက ရှေးခေတ်က ကျန်ခဲ့တဲ့ အမွေအနှစ်စစ်စစ် ဖြစ်တဲ့ သရပါတံခါးဆီကို ဖြစ်သည်။

ဖြူအုနေတဲ့ အသားအရေပေါ်မှာ ဂါဝန်အဝါနုရောင်လေးကို ဝတ်ဆင်ထားတဲ့ နွေးဟာ ကလေးဆန်သလို၊ လွတ်လွတ်လပ်လပ်နဲ့ကို လှနေတော့သည်။

သံစဉ်လင်းကတော့ နေခြည်နွေးရဲ့ Personal Photographer လုပ်နေတာပေါ့။

မိုးသက် အနားကိုတော့ လင်း သိပ်မကပ်တော့ပေ။ လူကြားထဲမှာ စကားလည်း မများချင်သလို၊ နွေးနဲ့ အတူသွားတဲ့ ပထမဆုံး ခရီး‌ဝေးမှာ စိတ်မရှုပ်ချင်တာကြောင့်လည်း ပါသည်။

"ကိုကို နေဝင်တာ အရမ်းလှတယ်နော်"

ဗူးဘုရားမှာ ညနေဆည်းဆာကို ကြည့်နေရင်း ကျွန်တော့်ကို ပြောလာတဲ့ ကလေးလေးကို ကြည်နူးရိပ်လွှမ်းစွာနဲ့ ပြန်ကြည့်နေမိသည်။

ဆည်းဆာရဲ့ အနီရောင် ဝတ်ရုံကို ခပ်ဖွဖွ လွှားထားသလို ဖြစ်နေတဲ့ နွေးရဲ့ မျက်နှာလေးက လူငယ်ပီပီ ဝင်းမွတ်လို့ နေသည်။

"ပေါက်စနဲ့ ကိုကို တစ်ပုံလောက် ရိုက်ရအောင်လေ"

မြန်မာဝတ်စုံလေးနဲ့ ယဉ်နေတဲ့ ချစ်သူလေးက လင်းကိုလည်း ဒီက အထည်ရောင်းတဲ့ နာမည်ကြီး ဆိုင်ကြီးတစ်ဆိုင်ကို ဝင်ပြီး အတင်း ပုဆိုးဝတ်ခိုင်းတာမလို့ နိုင်ငံခြားမှာ နေလာခဲ့တဲ့ လင်းမှာ စပရှယ်ကို အခက်တွေ့ခဲ့ရသည်။

No More Pain, Please (Season-1) {Completed}Where stories live. Discover now