ဒီနေ့ မနက် ကျွန်တော် စောစော ထလိုက်သည်။ နွေး အိမ်ကို သွားရမှာမို့လို့ ကျွန်တော် သိပ်ကို တက်ကြွနေသည်။
ဒီနေ့ အဖြေရအောင် တောင်းရမှာပဲ။
ကျွန်တော် သူ့ကို ဖွင့်ပြောထားတာ ဒီနေ့နဲ့ဆို ၅ ရက် ရှိပြီ။အဲ့နေ့က သူနဲ့ကျွန်တော် အိမ်ကို အတူတူ ပြန်လိုက်ပို့ရတဲ့နေ့။
ခွန်းက အစောကြီး ပြန်သွားလို့ ကျွန်တော် သူ့ကို လိုက်ပို့တဲ့နေ့။
"နွေး ငါ နင့်ကို ပြောစရာ ရှိတယ်"
"အင်း ပြောလေ။ ဘာပြောမို့လဲ ? "
"ငါလေ ... ငါ"
ချေလာသမျှ၊ တည်ငြိမ်လာသမျှ အကျင့်တွေက ဒီအချိန်ရောက်မှ ဘယ်လိုဖြစ်လဲမသိ။ စကားတွေပင် ထစ်နေမိသည်။
"နင်ဘာဖြစ်လဲ လင်းရဲ့"
"ငါလေ ... ငါ နင့်ကို ချစ်တယ် ! "
ကျွန်တော် သူ့ဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
သူမသာ တစ်ခါတည်း ငြင်းလိုက်မလား၊ စိတ်ပဲ ဆိုးသွားမလားဆိုတာ တွေးပူရင်းနဲ့ပေါ့။တကယ်လို့ တစ်ခါထဲ ငြင်းခဲ့ရင်ဆိုပြီး စိတ်ကို ပြင်ဆင်ထားပေမဲ့ တကယ်ငြင်းလိုက်ရင် ကျွန်တော် နေရာမှာတင် လဲကျသွားနိုင်သည်။
"ဟမ် ? နင်က ငါ့ကိုချစ်တယ် ဟုတ်လား"
"အင်းလေ"
ကျွန်တော် မျက်စိစုံမှိတ်၊ ခေါင်းငုံ့ပြီး ပြောလိုက်သည်။
"မငြင်းလိုက်ပါစေနဲ့။ အရှင်ဘုရား"
နိုင်ငံခြားမှာ နေခဲ့တာလဲ ဖြစ်လို့ ဘုရားကို ဦးချယုံလောက်သာ လုပ်ဖြစ်တဲ့ ကျွန်တော်က အရေးကြုံမှ ဘုရားကို ဆုတောင်းနေမိသည်။
"ဟက် ! နင်ကလည်းဟယ် ... ရည်းစားစကားလေး ပြောတာကို နှလုံးရောဂါ ရတော့မဲ့ အတိုင်းပဲ ဖြစ်နေလိုက်တာ ခ်ခ်"
နွေး လင်းအဖြစ်ကို ရယ်ချင်လာတာနဲ့ပဲ ပြောလိုက်မိတော့ သူက မျက်နှာငယ်နဲ့ ဖြစ်သွားရှာသည်။
"မသိဘူးလေ။ နင် စိတ်များဆိုးမလား။ တစ်ခါတည်းများ ငြင်းပစ်လိုက်မလားလို့ပေါ့။ ငြင်းတော့ မငြင်းပါနဲ့ဟာ။ တကယ်လို့ နင် အချိန်ယူချင်သေးရင်လဲ ငါ စောင့်မှာပါ"
![](https://img.wattpad.com/cover/294724126-288-k949074.jpg)
VOUS LISEZ
No More Pain, Please (Season-1) {Completed}