Epi - 21 (Uni)

1.7K 69 1
                                    

"အင့်ဟာ ! "

"ဘုန်း ! "

"အာ့ ! "

ရုတ်တရက် ရင်ခွင်ထဲ မျက်နှာအပ် ငိုနေရာကနေ ဇတ်ခနဲ ခေါင်းထောင်ပြီး ညှပ်ရိုးတွေနားကို ပိတ်ထုပစ်လိုက်တဲ့ နွေးကြောင့် လင်းမှာ ကာကွယ်ဖို့ပင် အခွင့်အရေး မရလိုက်ပေ။

'မယုံမရှိနဲ့နော်။ နွေးက လက်သံပြောင်လာတယ်' ဆိုတဲ့ မိုးသက် စကားက ညိုမဲစွဲလောက်အောင် မှန်လေသည်။

"အင့် ... ဟင့် ... ဘာလို့ ထားခဲ့တာလဲလို့ ! ဒီမှာ ဘယ်လောက်တောင် လွမ်းနေရလဲ သိရဲ့လား။ အပြစ်ပေးချင်လည်း ခဏလောက်ဆို တော်ရောပေါ့။ ဘာကြောင့် ခြောက်နှစ်ကြီးတောင် ! "

ရင်ဘတ်ကို တဘုန်းဘုန်း ထုနှက်ပြီးတော့မှ လည်တိုင်ကို သိုင်းဖက်ပြီး တွဲခိုလာပြန်သည်။

"ကိုယ် ... ကိုယ် တောင်းပန်ပါတယ်"

"ဒီပေါက်စလေး ပေးတဲ့ ဒဏ်ရာတွေက အရမ်းကို ..."

"ရှူး ! "

လင်းကို ဆက်ပြောခွင့် မပေးပဲ နွေးက လင်းရဲ့ နှုတ်ခမ်းလွှာကို လက်ညှိုးနဲ့ ဒေါင်လိုက် ဖိကပ်ထားလိုက်သည်။

"ချစ်တယ်။ အရမ်းချစ်တယ်။ ဒဏ်ရာတွေ ထပ်မပေးတော့ပဲ လက်ကျန်တစ်ဘဝလုံးကို ချစ်ပေးသွားမှာမလို့ ထွက်မသွားပါနဲ့တော့။ နော် ..."

"ဒါနဲ့ နောက်တစ်ယောက် မရသေးဘူးမလားဟင်"

ရင်ခွင်ထဲကနေ မော့ကြည့်လာတဲ့ နွေးနဲ့ အကြည့်ချင်း ဆုံပြီး လင်းလည်း မျက်ရည်တွေ ဝဲနေရင်းကနေ ပြုံးပြီး ခေါင်းခါ ပြလိုက်မိသည်။

"အင်း။ ကိုယ်လည်း ပေါက်စလေးကို ခံစားရအောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်။ နောက်တစ်ယောက် ထားဖို့ နေနေသာသာ လွမ်းတဲ့ ဒဏ်ကိုတောင်မှ နေသားမကျတုန်းပါ"

"အင်း ... ဟင်း"

မျက်စိကို စုံမှိတ်ချလိုက်သည်နှင့် ထပ်တူကျသွားတဲ့ နှုတ်ခမ်းတစ်စုံက လွန်ခဲ့တဲ့ ခြောက်နှစ်ကထက် ပို၍ နွေးထွေးပါ၏။

မိုးသက်လည်း ပျော်ပါတယ်။ မိုးသက် အရမ်းချစ်ခဲ့ရတဲ့ သူငယ်ချင်းက သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ နှုတ်ခမ်းချင်း ထပ်တူကျနေတဲ့ မြင်ကွင်းကို လက်တွဲဖော်ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရင်း ကြည့်နေရသည်ကိုပေါ့။

No More Pain, Please (Season-1) {Completed}Donde viven las historias. Descúbrelo ahora