Unicode
"appa?"
လေဆိပ်ကနေတန်းလာပုံရတဲ့ဖေဖေကtaxiပေါ်မှခရီးဆောင်အိတ်ကိုဆွဲကာဆေးရုံထဲသို့အေပြး၀င်လာသည်။အလုပ်များလွန်းသဖြင့်မျက်နှာလေးတောင်တစ်ခါတေတွ့ရရန်ခဲရင်းလှတဲ့သူကိုဒီလိုပံုစံေတွ့ရတော့ဝမ်းသားရမဲ့အစားဝမ်းနည်းစိတ်တွေသာလှိုက်တတ်လာသည်။
ဆေးရုံထဲအမြန်ပြေးဝင်သွားတဲ့ဖေဖေမျက်နှာမှာစိုးရိမ်မှုတွေကအထင်းသားမို့ကိုယ်လည်းစိတ်မကောင်းပေ။
"ရှင်ရောက်လာပြီလား"
ဖေဖေကခေါင်းတစ်ချက်သာငြိမ့်ပြသည်။နှစ်တွေကြာပြီဖြစ်သော်လည်းနှစ်ယောက်သားကမအေးချမ်းနိုင်ကြသေးပင်။မေမေလည်းဖေဖေကိုပြန်တွေ့ရတာလန့်သွားပုံရသည်။နှစ်ယောက်ကြားကလေထုမှာလည်းမသက်မသာနှင့်။
"ကိုယ်သမီးနဲ့နှစ်ယောက်ထဲနေချင်တယ်"
အတန်ကြာမှပြောလိုက်သည့်စကားကြောင့်မေမေလည်းနားလည်ဟန်ဖြင့်ထွက်သွားပေးဖို့ပြင်သည်။
"မင်းလည်းနားရင်နားလိုက်ပါအုန်း ကိုယ်စောင့်ပေးမယ်"
ဆေးရုံခန်းကသက်သောက်သက်သာမရှိတဲ့ကုတင်ပေါ်မှာအိပ်ရ၊ဟာအွန်းကိုလည်းအမြဲစောင့်ကြည့်နေရလို့ပင်ပန်းနေသည့်အပြင်သားအဖနှစ်ယောက်ထဲနေချင်သည့်အဖေ့အတွေးကိုနားလည်ပုံရသည့်မေမေကဟိုတယ်မှာတစ်ညသွားနေဖို့ဆုံးဖြတ်ကာ အသိမှတ်ပြုခေါင်းတစ်ချက်ငြိမ့်ကာထွက်သွားတော့သည်။
မေမေထွက်သွားသည်နှင့်ဖေဖေကဆေးရုံကုတင်ဘေးမှထိုင်ခုံမှာထိုင်ကာကိုယ်လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်လာသည်။
မေ့မျောနေသည့်ကိုယ့်ကိုသေချာကြည့်နေရင်းမှအဖေမျက်ရည်တွေဝဲလာတော့သည်။
"appaတောင်းပန်ပါတယ်သမီးရယ် သမီးကိုတစ်ယောက်ထဲထားမသွားခဲ့သင့်တာ"
ကိစ္စအားလုံးကို တစ်ယောက်ထဲ အမြဲကြိတ်ခံစားနေခဲ့တဲ့ အဖေကိုဒီလိုပြိုလဲတော့မည့်အနေအထားကို ကိုယ်ပထမဆုံးမြင်ဖူးတာ။
အဲတာကြောင့်လည်းစိတ်ထဲပိုပင်ပန်းပြီး အားနာစိတ်လည်းကြီးလာရတော့သည်။