ဟူးးးး ပျင်းဖို့ကောင်းလိုက်တာနော်
ဟာအွန်းတစ်ယောက် ဆေးရုံခန်းထဲမှာထိာင်နေရင်းငြီးငြူနေမိသည်။ ဆေးရုံကလဲအခုထိဆင်းလို့မရသေး uniကပြန်ဖွင့်ပြီဆိုတော့သူငယ်ချင်းမတွေကလဲမအားကြတော့ သိပ်လာမကြည့်နိုင်ကြတော့ဘူး အဖေကလဲကိုယ်သတိမလည်တုန်းကပစ်ထားတဲ့အလုပ်တွေကိုအခုမှပြန်ပြီးလုပ်နေရတော့လာမကြည့်အားဘူး။
"ဟီး ဟီး"
အခုကိုယ့်ဘေးမှာရှိတာက တစ်နေကုန်ဖုန်းထိုင်ကြည့်နေပြီး တစ်ချက်လေးမှ စကားပြောဖော်မရတဲ့ အငယ်ကောင်။ ကိုယ်ပျင်းနေမှာဆိုးလို့လညစောင့်ပေးတယ်တာပြောတာ ကိုယ့်အတွက်လာပေးထားတဲ့မုန့်တွေကိုဘဲ ယူစားပြီး သူ့ဖုန်းဘဲသုံးနေတာ
"Taehyun နင်ငါ့ကိုအမြဲလာစောင့်ပေးနေစရာမလိုပါဘူးဟယ်"
အဲ့တော့မှ အငယ်ကဖုန်းကနေခေါင်းထောင်လာပြီးကိုယ့်ကို ဘာတွေပြောနေတာလဲဆိုတဲ့အကြည့်နဲ့
"ရပါတယ်ဟာ ငါ့ရဲ့တစ်ယောက်တည်းသောအစ်မကို ဂရုစိုက်ရမှာပေါ့"
ဟာအွန်းတစ်ယောက်မျက်နှာကိုရှုံမဲ့လိုက်မိသည်။ 'အလကား မှန့်စားချင်လို့လာတာကိုများ'
'ဒေါက် ဒေါက်'
တံခါးခေါက်သံကြားလို့ ကြည့်လိုက်တော့ တံခါးနောက်ကထွက်လာတဲ့ အုန်းသီးခေါင်းလုံးလုံးလေး ကြောင့်ဟာအွန်းပြုံးလိုက်မိသည်။
"Hyung ရောက်လာပြီလား"
"အင်း ဒီနေ့အတန်းစောစောပြီးသွားလို့"
Jungkookဆိုတဲ့မီရယ်ရဲ့၀မ်းကွဲက ပထမတစ်ခေါက်လာပြီးထဲက အားရင်အားသလိုခနခနလာတတ်သည်။ အစကတော့နဲနဲစိမ်းနေသေးပေမယ့် အခုတော့ တော်တော်လေးကိုရင်းနှီးလာပါပြီ။
"ဒီနေ့ လေ့ကျင်ခန်းလုပ်တာရောဘယ်လိုလဲ"
အခန်းထဲ၀င်လာတာနဲ့ ကိုယ့်ဘေးမှာ၀င်ထိုင်ပြီး ကိုယ်ကြိုက်တဲ့မှန့်တွေကိုစားပွဲပေါ်တင်ရင်းပြောလာသူကို ဟာအွန်းအရမ်းသဘောကျပါသည်။ အငယ်ကောင်ကတော့ jungkookရောက်လာထဲက ဘယ်ပျောက်သွးမှန်းမသိ။