Zawgyi
ရွှေရောင်သန်းနေသောနေရောင်များဖျာကျနေသောကောင်းကင်ပြာကြီးမှာကြီးလင်ပြီးတိမ်ဖြူဖြူတွေကလည်းချစ်စရာကောင်းစွာတစ်ရွေ့ရွေ့နှင့်။
တိုက်ခိုက်လာသောလေအေးအေးလေးတစ်ချက်ကြောင့်ပတ်ဝန်းကျင်ရှိအပင်လေးများလှုပ်ရမ်းသွားပြီး ကိုယ့်ရဲ့ဆံပင်တွေလည်းလေထဲမှာတိုးဝှေ့လိုနေသည်။ပတ်ဝန်းကျင်ကိုစူးသမ်းကြည့်မိတော့ဟိုနေ့ကလာခဲ့တဲ့ပန်းခင်းကြီးနှင့်မတူသည့်နေရာကိုရောက်နေသည်မို့အိမ်မက်များမှားဝင်သလားအထင်နှင့်ပတ်ဝန်းကျင်ကိုလျှောက်ကြည့်နေမိသည်။
စိမ်းစိုစိုတောင်ကုန်းမနိမ့်မမြင့်လေးပေါ်တွင်ဖြစ်ပြီး အလွန်သာယာသောနေရာလေးဖြစ်နေသည်။
ကိုယ့်မရှေ့မှာလည်း ကာတွန်းကားတွေထဲကတော်ဝင်နန်းတော်ကြီးတစ်ခုလိုရဲတိုက်ကြီးရှိနေလေသည်။ရဲတိုက်ရှေ့မှာလည်းပန်းမျိုးပေါင်းစုံလင်စွာအရောင်စုံဖူးပွင့်နေကြသည်။ခမ်းနားစွာတည်ရှိနေသည့်ရဲတိုက်ကြီးဟာကောင်းကင်မှနေရောင်များနှင့်အရှိန်အဝါပိုတောက်ပလို့နေသည်။ကျေးငှက်လေးတွေကလည်းသာသာယာယာပျံလိုက်မြူးလိုက်နှင့်။
ဒီနေရာသည်အမှန်ပင်သာယာလှသည်။
"ဟို ဘယ်သူလဲမသိဘူး.."
ဟိုနေ့ကနှင့်မခြားမေးလာသည့်မေးခွန်းနှင့်အတူအသံပိုင်ရှင်ကိုသိလိုက်ရသောအခုကိုယ်တစ်ကိုယ်လုံးတောင့်ခဲမတတ်ဖြစ်သွားရသည်။အတတ်နိုင်ဆုံးမသိသာအောင်သူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လိုက်သည်။
စူးစမ်းသည့်မျက်လုံးဝိုင်းဝိုင်းတွေနဲ့ကိုယ့်ကိုသူငေးကြည့်နေမိသည်။သူတစ်ခုခုတော့ပြောနေတယ်။ဒါပင်မဲ့ကိုယ်မကြားရဘူး။အခုသူ့မျက်လုံးတွေထဲမှာကိုယ်နစ်မြောနေတယ်။ဘာကိုမှမကြားရတော့ဘူး။
အနီးကပ်ရှိနေတိုင်းရင်ခုန်နေရတာလဲ ဝဋ်ကြွေးပါလား။
သူတစ်ခုခုကိုမေးလိုက်သည်မို့ကိုယ်လည်းယောင်တောင်တောင်နှင့်သူ့ကိုကြည့်ကာ အွန်းလို့သာဖြေလိုက်သည်။