"Jungkook ရေ......ကြာလိုက်တာ"
"လာပါပြီဟ နင်ကလဲ"
နောက်ဆံုးတော့ဟာအွန်းဆေးရုံကဆင်းလာပြီ။ Jungkookကလဲ ဟာအွန်းဆေးရုံဆင်းတာကူပေးမယ်ပြောလိုက်တာ ဘာရယ်မဟုတ် ။ အခုတော့ ညီမ၀မ်းကွဲရဲ့ လက်ချက်နဲ့ အထမ်းသမားဘ၀ရောက်နေရတဲ့အဖြစ်။
"နင်ကလဲ ဒါလေးသယ်ခိုင်းတာကိုများဖြစ်နေလိုက်တာ"
"အမယ် အဲ့တာဆိုနင်သယ်ကြည့်ပါလား"
ဟုတ်တယ်လေ သူမသယ်ရတိုင်း။ ဟာအွန်းရဲ့သူငယ်ချင်းဆိုတာနဲ့ သူ့ကိုခိုင်းစားနေတာများပြီ။
"Jungkook ရရဲ့လား မောနေပြီထင်တယ်"
မောင်နှမနှစ်ယောက်ရန်စောင်နေတုန်း ဟာအွန်းအနားရောက်လာတော့ Jungkookလဲ အမြန်ပြန်ပြုံးပြီး
"ရပါတယ် ဒီလောက်ကတော့အပျော့လေး"
အင်းးး ဟာအွန်းအနောက်ကနေရှုံမဲ့ပြနေတဲ့ဟာမကိုတော့ ပစ်ထားလိုက်တော့သည်။
______________
ဟာအွန်းလဲဒီနေ့တစ်နေ့လုံး လိုက်ပြီးတော့လုပ်ပေးနေတဲ့ Jungkookကို အားနာနေပြီ။
အဖေကလဲ အလုပ်တွေကိုပစ်ထားတာကြာပြီဆိုတော့ တိုက်ခန်းေရှ့ထိဘဲ လိုက်ပို့နိုင်သည်။ အငယ်ကောင်ကလဲ လိုတဲ့အချိန်ဆို ရှာလို့ကိုမရဘူး။ အဲ့တော့နောက်ဆုံး တော့ Jungkookကိုဘဲ အကူအညီတောင်းရတော့သည်လေ။"မောနေမှာဘဲ ချွေးတွေလဲရွှဲနေပြီ ခနထိုင်အုန်းနော် ရေသွားယူအုန်းမယ်"
Jungkookကို ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ခနထိုင်ခိုင်းထားပြီး မီးဖိုထဲကိုအမြန်ပြေးရသည်။ ရေယူပြီးပြန်လာတော့ ဧည့်ခန်းထဲ လှည့်ပတ်ကြည့်နေတဲ့ Jungkookကိုတွေ့တော့
"ဒီကိုပထမဆုံးရောက်တာမဟုတ်ဘူးမလား"
"အရင်ကတော့ မီရယ်ကိုပစ္စည်းတွေလာပို့ဖူးတယ် ဒါပေမယ့်သေချာတော့ မကြည့်ဖူးဘူး"
"ဪ"
Jungkookလဲ သူရနေကျ အနံ့မွှေးမွှေးလေး ရနေတာကြောင့်
"ဒီမှာလဲ ရေမွှေးဖြန်းထားတာလား"
ဟာအွန်းလဲ Jungkook စကားကြောင့်အံ့ဩသွားပြီး