15

480 73 13
                                    

Unicode

"နည်းလမ်း ဟုတ်လား"

ဟာအွန်းကိုယ့်နားကိုယ်မယုံနိုင်ပါ။ တစ်လလုံးလုံးသူမလိုက်ရှာနေခဲ့တာကနောက်ဆုံးတော့။

"အင်း ဟုတ်တယ်"

"ဘာနည်းလမ်းလဲ ဘာလိုလုပ်ရမှာတဲ့လဲ အခုဘဲလုပ်ကြည့်ရအောင်လေ"

ဟာအွန်းတစ်ယောက်ဘာမှကို ပျော်လွန်းလို့လက်တွေတောင်တုန်‌ေနတာကို သတိမထားနိုင်တော့ပါ။ ဒီလိုအခြေအနေကနေအမြန်နိုးထချင်နေပြီ။

"......ဆေးရုံကိုသိတယ်မလား"

"အင်းသိတယ် ဒီနေရာ‌နဲ့တောင်တော်တော်လေးဝေးတယ်လေ တောင်နဲ့မြောက်ဘဲ"

"အဲ့ဆေးရုံက ၅နှစ်လောက်လဲနေတဲ့ကိုမာလူနာက လွန်ခဲ့တဲ့နှစ်ရက်လောက်ကနိုးလာတယ်တဲ့"

"ဘယ်လို ၅နှစ်"

သူတောင်နိုးလာတယ်ဆိုတော့ ကိုယ်လဲ

"ဒါဆို အမပြောတဲ့နည်းလမ်းက"

"အမ အခုလိုဖြစ်တဲ့အချိန်ကစပြီးအခြားဘယ်သူမှကိုမာကနေမနိုးလာသေးဘူး သူကပထမဆုံးဘဲ"

"၂နှစ်အတွင်း ကိုမာလူနာတွေထဲမှာသူဘဲနိုးလာနိုင်တာပေါ့"

ဟာအွန်းစိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကိုတင်းနေအောင်ဆုတ်ထားသောကြောင့် လက်ကသွေးပင်မလျောက်တော့

"အဲ့တာဆို သူစီမှာနည်းလမ်းရှိနိုင်တယ်ပေါ့"

"ဟုတ်တယ်"

"ဒါပေမယ့် သူကနိုးလာပြီလေ ညီမတို့ ဘယ်လိုဆက်သွယ်......."

နှစ်ယောက်လုံးပြိုင်တူပြောမိကြသည်က
"အိမ်မက်"

"အဲ့တာဆို ဘာလို့အချိန်ဖြန်းနေမှာလဲ မြန်မြန်သွားမယ်လေ"

ကောင်မလေးနှစ်ယောက်မှာတော့ မျှော်လင့်ချက်ကိုယ်စီဖြင့်ဆေးရုံခန်းထဲကနေပြေးထွက်ခဲ့ကြသည်။
_____________

"အမရေ ဒီလမ်းဟုတ်ရဲ့လား"

"ဟုတ်ပါတယ်ဆို .......ဟိုရှေ့ဆိုရောက်ပြီ"

အခုကိုယ်တို့နှစ်ယောက်က နိုးလာတဲ့လူနာစီကိုသွားနေခြင်း။ သွားနေရင်းနဲ့ဆေးရုံနားရှိ လမ်းကြားတစ်နေရာအရောက် လူကကျက်သီးတွေထလာပြီး အေးစိမ့်စိမ့် ခံစားချက်ကြောင့် အမဆူအာရဲ့လက်ကိုခပ်တင်းတင်းဆုတ်ကိုင်ထားမိသည်။ 'ငါစိတ်ထင်တာဘဲနေမှာပါ'

ρєяfυмє ℓσνєWhere stories live. Discover now