Unicode
ဟာအွန်းကျိမ်းစက်နေတဲ့မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတာကမျက်နှာကျက်ဖြူဖြူ။ 'ဒါငါ့အခန်းမဟုတ်ဘူး'။ စကားပြောဖို့အားယူလိုက်ပေမယ့် ပူလောင်ပြီးကွဲတော့မလိုဖြစ်နေတဲ့လည်ချောင်းကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။
"ရေ....ရေပေးပါ"
"ဘုရားရေ နိုး.....နိုးလာပြီ"
ကိုယ့်ကိုတွေ့တာကိုသရဲတွေ့သလိုလန့်နေတဲ့ မီရယ်ကြောင့် ကြောင်သွားမိသည်။ သေခိာကြည့်ကြည့်လိုက်တော့ မီရယ်ဘေးမှာရပ်နေတဲ့သူက 'ဖေဖေ?' ။ကိုယ်လဲ့လန့်သွားသလိုဘဲ ဖေဖေကိုယ့်ကိုကြည့်နေတဲ့ မျက်၀န်းတွေထဲမှာမယုံနိုင်ခြင်းတို့ပါ၀င်နေသလို။ ပြီးတော့မှနှစ်ယောက်စလုံးသတိပြန်၀င်လာကြပြီး
"ဆရာ၀န် သမီးဆရာ၀န်သွားခေါ်လိုက်မယ်"
"ရေဟုတ်လား ပေးမယ် ခနလေးနော်"
မီရယ်ကအခန်းအပြင်ကိုပြေးပြီးထက်သွားသလို အဖေကလဲကုတင်ဘေးနားရှိ ရေခွက်ကိုယူပြီး ဟာအွန်းကိုဆွဲထူကာ နှုတ်ခမ်းနားတေ့ပေးသည်။ လက်တွေ့ကလဲတုန်ရင်လို့
'တကယ်ဘဲ ဘာတွေဖြစ်နေတာတုန်း' ။ရေသောက်လိုက်တော့ လည်ချောင်းကနည်းနည်းတော့ အဆင်ပြေသွားသောကြောင့် စကားပြောဖို့ ပြင်ရုံရှိသေး"ဝုန်း"
တံခါးကိုဆက်ခနဲဆွဲပြီး အခန်းထဲ့ကို၀င်လာတဲ့ ဆရာ၀န်များ။ မျက်လုံးကိုဖြဲကြည့်ပြီး ဓာတ်မီးနဲ့ထိုးလို့ထိုး လူကိုစိတ်တိုင်းကျစမ်းသက်လို့ပြီးသွားတော့မှ
"လူနာ နာမည်လေးတစ်ချက်လောက်ပြောပေးပါ"
"ချွဲဟာအွန်း"
"အသက်?"
"21"
"ဒီမှာရှိတဲ့လူတွေကိုရော သိလား"
"ကျွန်မအဖေနဲ့ ကျွန်မသူငယ်ချင်း"
"ဒါဆိုဘာလို့ဒီကိုရောက်နေလဲရောသိလား"
ဟာအွန်းဒီမေးခွန်းကိုတော့ခေါင်းသာခါမိသည်။ သူမတကယ်မသိပါ။ သူမ မနေ့တုန်းကတောင်ပုံမှန်အတိုင်း သွားလာနေတာကို အခုနိုးလာတော့ဆေးရုံပေါ်မှာရောက်နေပြီး နိုင်ငံခြားမှာရှိနေရမယ့်အဖေကလဲ ဒီကိုရောက်နေသည်။ ဆရာ၀န်ကတစ်ခုခုကိုအတည်ပြုချင်သည့်ဟန်ဖြင့်