14

488 75 17
                                    

Unicode

တစ်လ ဟူး သူများတွေအတွက်တော့ လုပ်စရာရှိတာတွေလုပ်ရင်း ကုန်သွားမှန်းသတိမထားမိနိုင်ပေမယ့် ကိုယ့်အ‌တွက်ကတော့အရမ်းကိုကြာလွန်းတယ်။ အိန်ဂျယ်လေးကိုထပ်မတွေ့ရတာ တစ်လတောင်ရှိပြီ
တစ်လအတွင်း ကိုယ်စောင့်ပြီးရင်းစောင့်ခဲ့ပေမယ့် အိန်ဂျယ်လေးကလုံး၀ ကိုပေါ်မလာခဲ့ဘူး။ မင်းကတကယ်ဘဲငါ့စိတ်ကူးသက်သက်လားကွာ။

Jungkookတစ်ယောက်စိတ်တိုတိုဖြင့် ဆံပင်ကိုဆွဲဖွလိုက်မိသည်။ဒီရက်ပိုင်းလဲ လူကအိပ်မပျော်သဖြင့် လူကမျက်တွင်းဟောက်ပက်

"Jungkook မင်းအိန်ဂျယ်လေးကိုအသာထားအုန်း မင်းပုံစံကိုပြန်ကြည့်အုန်း သူသာမြင်ရင်လန့်ပြီး ထွက်ပြေးလိမ့်မယ်"

အင်းဒါကတော့အကိုတွေကိုယ့်ကို မြင်တိုင်းပြော‌ေနတဲ့စကား ထားလိုက်ပါတော့ရိုး‌နေပါပြီ။

"တော်ပါတော့ဗျာ အပြင်သွားဖို့ရှိတယ်မလား သွားကြပါတော့"

"အမယ်အခုတော့ငါတို့ကို နှင်ပြီပေါ့ ငါတို့ကတော့မင်းကို@#$&+(/&_#@#"

Jin hyungကတော့သူ့ထုံးစံတိုင်း ပွစိပွစိပြောရင်းအပြင်ထွက်သွားတော့ အခု‌အဆောင်မှာကိုယ်တစ်ယောက်ထဲ နေ့လည်၁နာရီထိုးနေပြီမို့ ကုတင်ပေါ်ကထပြီး စတိုခန်းထဲ ၀င်လာလိုက်သည်။ စတိုခန်းထဲ ၀င်လာလိုက်သည်။

စတိုခန်းထဲမှာတော့ ပုံကြမ်းအဆင့်သာရှိသေးတယ့် အိန်ဂျယ်လေးရဲ့ပန်ချီကားကိုထိုင်ကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားမှန်းတောင်မသိတော့ပါ

"မင်းကငါ့ကို ရူးအောင်လုပ်နေတာဘဲကွာ"
_________

"ဘာမှလဲမထူးလာဘူး"

"အင်း ငါရောဘဲ"

ကိုယ်နဲ့အမဆူအာတို့ သတိပြန်လည်လာနိုင်မယ့်နည်းမျိုးစုံကိုကြိုးစားပြီး ရှာပေမယ့် အခုထက်ထိဘာမှကို မထူးလာသေး။

"ဘာလို့အဲ့လောက်တောင်ခက်ခဲနေရတာတုန်း"

ကိုယ်ပြောတဲ့ထဲမှာ ရယ်စရာပါသလားမသိ အမဆူအာကတော့ခပ်ဖွဖွရယ်သည်

"အဲ့လောက်မခက်ရင် အမ၂နှစ်လောက်ဒီလိုဖြစ်နေပါ့မလား ဟင်?"

ρєяfυмє ℓσνєWhere stories live. Discover now