"ဒေါက် ဒေါက်"
အဖေဖြစ်သူနဲ့စကားပြောနေတုန်းကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့်လှည့်ကြည့်လိုက်မိတော့ Taehyun။အခန်းထဲကိုအပြေးတစ်ပိုင်းနဲ့၀င်လာပြီးတော့လူကိုအတင်းလာဖက်နေလို့အသက်ရှုတောင်ကျပ်သွားသေး။
"မမ တော်သေးတာပေါ့ မမဘယ်လောက်ကြာအောင်လဲနေတာလဲရောရဲ့လား"
ဟာအွန်းမှာကိုယ်ကိုကော်နဲ့ကပ်ထားသလိုလာကပ်နေတဲ့ မောင်ကိုမနဲခွာချရင်း
"အင်းပါ စိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတော်နော်"
အဲ့တော့မှဆူပုတ်ပုတ်နဲ့ကိုယ်ပေါ်ကပြန်ခွာသွားတာကိုကြည့်ပြီးဟာအွန်း အားရပါးရရယ်လိုက်မိသည်။
"တကယ်တောင်းပန်တယ်ဆိုရင် နောက်ဆိုပြီးဂရုစိုက်ပါ ဒီလိုထပ်ပြီးတော့မဖြစ်စေနဲ့"
လူကြီးပုံစံလာဖမ်းပြီးတော့ လူကိုလာဆုံးမနေတဲ့မောင်အသေးလေးကိုကြည့်ပြီး ဟာအွန်းရယ်ချင်တာမအောင့်နိုင်တော့ပါ။ 'တကယ်ပါဘဲ ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းရတာတုန်း'
"ဟာအွန်း"
Taehyunနဲ့စကားပြောနေတုန်းက ပျော်ရွှင်နေတဲ့စိတ်အခြေအနေတွေအကုန်လုံး အဲ့အသံကိုကြားလိုက်ရတာနဲ့ ပျောက်ကုန်သည်။ သူမဘယ်တော့မှထပ်မကြားချင်တော့တဲ့အသံ
Taehyunလဲအမဖြစ်သူ စိတ်အခြေအနေမကောင်းတော့တာကိုသိသောကြောင့် ဟာအွန်းရဲ့တင်းတင်းဆုတ်ထားတဲ့ လက်တွေကိုကိုင်ပြီး
"အမ အမေကိုငါခေါ်လာတာ သူလဲနင့်ကိုအရမ်းစိတ်ပူနေတာပါ"
အဖေဖြစ်သူကလဲစိတ်ပြေလိုပြေငြား
"အဖေမရောက်ခင်တုန်းကလဲ သမီးကိုသူဘဲစောင့်ပေးနေတာ ခနလောက်တော့တွေ့လိုက်ပါသမီးရယ်"
ဟာအွန်းလဲအခုမှနေပြန်ကောင်းကာစမို့ရန်မဖြစ်ချင်တာနဲ့
"အဲ့တာဆို သမီးသူနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်"
Taehyunနဲ့အဖေလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းအပြင်ကိုရှောင်သွားပေးကြသည်။ အခန်းထဲမှာတော့ဟာအွန်းရယ် ဟာအွန်းဘယ်တော့မှထပ်မတွေ့တော့ဘူးလို့သတ်မှတ်ထားတဲ့သူရယ်ဘဲ တိတ်ဆိတ်စွာကျန်ခဲ့သည်။
___________